Ep-20

1K 111 0
                                    

♥Unicode♥

ဆေးရုံကဆင်းရပေမယ့် တစ်လလောက်ခွင့်ယူကာပြန်လည်ထူထောင်ရေးလုပ်ငန်းစတင်ခဲ့သည်
ထိုကာလအတွင်း Jiji​ ကဘေးမှာဂရုစိုက်ပေးရှာ သည်​

Tae နဲ့​ Kook​ ကလည်းဘယ်ချိန်ကတည်းကကြိတ်တွဲနေသည်မသိ လက်ထပ်ကြပေတော့မည်​ Tae စိတ်တိုင်းကျ ဂျယ်ဂျူဒိုမှာ ကမ်းခြေမင်္ဂလာပွဲကျင်းပမည်တဲ့ တစ်လလောက်တော့လိုသေးသည်

ရာသီဥတုကပူစပ်စပ်ရှိ၍ ရေချိုးရန် အိပ်ယာထဲကအထ Jiji​ ကပြေးလာပြီး

"Oppa... ဘယ်သွားမလို့လဲ...."

"ရေချိုးချင်လို့"

"တစ်ယောက်တည်းစွတ်စွတ်မထနဲ့ ထချင်ရင် Jiji ကိုခေါ်လိုက်"

တတွတ်တွတ်နဲ့ပွစိပွစိပြောပြီး ရေချိုးခန်းထဲထိလိုက်ပို့ပေးကာ

"Oppa.... ဂရုစိုက်ချိုးနော် ချော်လဲမယ်"

"ကိုယ်အကောင်းတိုင်းဖြစ်နေပါပြီကွာ.... ဒီလောက်စိတ်ပူနေရင် ရေပါတစ်ခါတည်းချိုးပေးသွားပါလား"

"အဲ့လိုလား"

မျက်နှာပြောင်ပြောင်နဲ့ ရယ်ကျဲကျဲပြောခဲ့ပြီး အခန်းထဲကထွက်လာခဲ့သည်

"ဒီကစိတ်ပူလို့ကို"

အောက်ထပ်ဆင်းကာ နေ့လည်စာပြင်လိုက်သည်
ထိုစဥ် ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ Myung Soo ဆီက

"​Hello... "

"​ဘယ်လိုလဲ.... မတွေ့တာကြာပါရောလား"

"​အင်း.... မလာဖြစ်ဘူး"

"​ဒီညကော.... မအားဘူးလား"

"အင်း... ခုလောလောဆယ်မအားသေးဘူး"

"ဪ.... အင်းပါ.... မတွေ့တာကြာလို့ဖုန်းဆက်လိုက်တာ"

"ငါကနင်ဖုန်းမဆက်တော့ မေ့နေပြီတောင်ထင်တာ"

"မေ့စရာလား... သူငယ်ချင်းကောင်းတစ်ယောက်တွေ့ဖို့ဆိုတာလွယ်တာမှမဟုတ်တာ.... နင့်လိုသူငယ်ချင်းကောင်းကိုငါကဆုံးရှုံးမတဲ့လား"

"​အပြောကတော့ ရွှေမန်းပဲ"

" အတည်ပြောတာပါဟ"

"အိုခေ... ငါအားတဲ့နေ့ ဖုန်းဆက်လိုက်မယ် ဘီယာတော့မသောက်ချင်ဘူး ကော်ဖီသောက်ကြတာပေါ့"

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now