1

5.2K 359 34
                                    

(Zawgyi code)

ဆုန်း​ဆောင်းအထက်​တန်း​ကျောင်း။

မြို့လယ်​​ခေါင်​တည့်​တည့်​မှာတည်​ရှိ​သော နာမည်​ကြီးအထက်​တန်း​ကျောင်းတစ်​​ကျောင်းဖြစ်​သည်။ ​ကျောင်း၏ဂုဏ်​သတင်းသည်​ "တက္ကသိုလ်​​ကောင်း​ကောင်းသွားချင်​ရင်​ ဆုန်း​ဆောင်းမှာထား" ဟု ​ပြောစမှတ်​သွင်​သည်​ထိ။ ထိပ်​သီးတက္ကသိုလ်​များ၌ ဝင်​ခွင့်​ရ​ကျောင်းသူ​ကျောင်းသား၏၃၀ရာခိုင်​နှုန်းသည်​ ဆုန်း​ဆောင်းအထက်​တန်း​ကျောင်းမှ ​ကျောင်းသူ​ကျောင်းသားများဖြစ်​သည်​မို့ မိဘများ မျက်​စိကျရာ​နေရာဖြစ်​သည်​။ စနစ်​​ကောင်းနှင့်​သွား​နေသည့်​ ​ကျောင်းဖြစ်​သည့်​အတွက်​လည်း ​ကျောင်းသူ​ကျောင်းသားများ၏ ပါးစပ်​ဖျားတွင် " ​နေတတ်​ရင်​​ပျော်​ဖို့​ကောင်းတဲ့​ကျောင်း " ဟု​ရေပန်းစားပြန်​သည်​။

ဆုန်း​ဆောင်း​ကျောင်း၏ ​အထက်​တန်း​နောက်​ဆုံးနှစ်​ (B) ခန်းတွင်​ဖြစ်​သည်​။

" ​Choi Yeonjun!!!! "

ခပ်​စူးစူးအသံ​လေးတစ်​ခုရယ်​၊ နို့​အေးကဒ်​ကိုစားပွဲ​ခုံ​ပေါ်​ဆောင့်​ချလိုက်​သံရယ်​​ကြောင့်​ ဆူညံ​နေတဲ့တစ်​တန်းလုံး တစ်​ချက်​တိတ်​သွားကာ တစ်​တန်းလုံး၏ အကြည့်​များ အသံလာရာဆီတွင်​စုပြုံသွားသည်​။ အ​နောက်​လှည့်​ကာ စကားများ​နေသည့်​ Yeonjun အပါအဝင်​။ စက္ကန့်​ပိုင်းစာ​လောက်​ငြိမ်​သွားသည့်​အခန်းက တရားခံဘယ်​သူလဲသိပြီးသည်​နှင့်​ ချက်​ချင်း​စော​စောကလို ပြန်​ဆူညံသွားသည်​။ Yeonjunက​တော့ အပြုံးမပျက်​ဘဲ နှုတ်​ခမ်း​သေး​သေး​လေးကိုပိုထင်း​နေ​အောင်​ ပြုံးပြလိုက်​ရင်း...,,,

" ငါ့အတွက်​ ဝယ်​လာတာလား? ​ကျေးဇူးပဲ ရီအာ "

နို့​အေးကဒ်​ကို အပြုံးမပျက်​​ဖောက်​​သောက်​လိုက်​တဲ့ Yeonjunကို ရီအာတစ်​​ယောက်​ မျက်​​မှောင်​ကုတ်​ကာ ကြည့်​လိုက်​သည်​။

" အတန်း​ခေါင်း​ဆောင်​ နင်​ တကယ်​ပဲ ငါနဲ့မတွဲဘူးလား? "

" အင်း "

အ​အေးပိုက်​ကိုနှုတ်​ခမ်းမှာစုပ်​ထားရင်း ခပ်​ပြုံးပြုံးနဲ့ ​ခေါင်းငြိမ့်​ပြတဲ့ Yeonjunကို ရီိအာ စိတ်​ဆိုးလည်းဆိုးချင်​သည်​၊ ဆိုးလည်းမဆိုးနိုင်​ပါ။

Honey BellWhere stories live. Discover now