5

1.5K 262 58
                                    

(Zawgyi ver)

စ​နေ​နေ့တစ်​မနက်​ခင်းလုံး ဖုန်းတစ်​လုံးနဲ့ လုံးချာလိုက်​​နေ​ခဲ့​သော Yeonjunတစ်​​ယောက်​။ ဖုန်းကိုထုတ်​ကြည့်​လိုက်​၊ ပြန်​သိမ်းလိုက်​၊ ထိုင်​လိုက်​၊ ထလိုက်​နဲ့ လုပ်​​နေခဲ့တာ ဘယ်​နှကြိမ်​ရှိပြီမသိ။ တစ်​ခါတစ်​​လေ ​ခေါင်းကို နာနာကုတ်​​သေးသည်​။ မျက်​နှာကလည်း အလိုမကျသလို ရှုံ့တွတွဖြင့်​။

" ဖုန်း​ခေါ်တာပဲ။ သူငယ်​ချင်းအချင်းချင်း ဖုန်း​ခေါ်တာပဲ။ ဘာမှမဖြစ်​ပါဘူး "

တစ်​ကိုယ်​တည်းတိတ်​တိတ်​​ပြောရင်း လက်​ထဲဆုပ်​ကိုင်​ထားသည့်​ဖုန်းကိုဖွင့်​လိုက်​သည်​။ *Gyuu* ဆိုသည့်​ contact​လေးကို နှိပ်​မယ်​ပြင်​​တော့ လက်​ကတွန့်​ကနဲ။

" ​ခေါ်ပြီးရင်​ ငါကဘာ​ပြောရမှာလဲ? "

" ဘာကိစ္စရှိလို့လဲလို့​မေးရင်​​ရော ဘာပြန်​​ဖြေရမှာလဲ? "

" ဟာကွာ! "

တစ်​​ယောက်​တည်းညည်းကာ ဖုန်းကိုစားပွဲ​ပေါ်တင်​ပြီး ထိုင်​ခုံ​ပေါ်​ဆောင့်​​ကြောင့်​တက်​ထိုင်ကာ ​မေးထိုင်​၍ Yeonjunတစ်​​ယောက်​ ငိုင်​သွားပြန်​သည်​။ မ​နေ့ညက​တော့ ခါတိုင်းလို ဂိမ်း​ဆော့လိုက်​၊ စားလိုက်​အိပ်​လိုက်​နဲ့ ဖာသိဖာသာ​နေလိုက်​​ပေမယ့်​ ဒီ​နေ့​တော့ ​ကောင်​​လေးဆီ ဖုန်းဆက်​ချင်​စိတ်​​တွေ တဖွားဖွား​ပေါ်​နေသည်​။

* ​အေး မင်းကဘာလို့ သူ့ဆီဖုန်းဆက်​ချင်​ရတာလဲ?

သူ့​ခေါင်းထဲမှာ​ပေါ်လာတဲ့​မေးခွန်းတစ်​ခု။

" ပျင်း~ပျင်းလို့​လေ "

* ပျင်းရင်​ တခြားသူ​တွေဆီလည်းဆက်​လည်းရတာပဲ။ ရီအာတို့၊ ဂျယ်​မင်းတို့။ ဘာလို့ BeomGyuမှလဲ?

သူ့​အ​ဖြေကို ​ခေါင်းထဲကအသံက လက်​မခံချင်​သလို ပြန်​​ပြောလာသည်​။

" အာ..သူတို့ဆီမဆက်​ချင်​ပါဘူး။ ဘာမှသုံးစားလို့မရဘူး။ BeomGyuကကျ​တော့......"

သူ့နှုတ်​က​ အ​ကြောက်​အကန်​ထွက်​လာတဲ့ က​ယောင်​​ခြောက်​ခြားအ​ဖြေ​ကြောင့်​ မျက်​နှာကိုလက်​ဝါးနဲ့အုပ်​ကာ ​ခေါင်းငုံ့ချလိုက်​သည်​။

Honey BellWhere stories live. Discover now