4

1.5K 280 76
                                    

(Zawgyi ver)

အပတ်​စဉ်​​သောကြာ​နေ့တိုင်းက Yeonjun သန့်​ရှင်းလုပ်​ရတဲ့​နေ့ဖြစ်​သည်​။ ဒီ​နေ့က ​သောကြာ​နေ့ဖြစ်​တာ​​ကြောင့်​ ​ကျောင်းကို ​သူ စော​စောထွက်​ခဲ့သည်​။ ၈နာရီ​ကျော်​​ကျော်​သာ ရှိ​ပေဦးမည်​။ ​ကျောင်း​ရောက်​​တော့ ဘယ်​သူမှမရှိ​သေးတာမို့ ခုံ​တွေတင်​ကာ သန့်​ရှင်း​ရေး စလုပ်​လိုက်​သည်​။ တံမြတ်​စည်းလှဲ၊ အမှိုက်​​ကောက်​ပြီး ​ကျောက်​သင်​ပုန်းဖျက်​​နေချိန်​ အတန်းထဲတစ်​​ယောက်​​ယောက်​ဝက်​လာတာ​ကြောင့်​ လှည့်​ကြည့်​လိုက်​​တော့ Choi BeomGyuဖြစ်​​နေသည်​။ BeomGyuကလည်း သူ့ကိုမြင်​​တော့ အံသြသွားသလို မျက်​လုံး​လေး​တွေဝိုင်းသွား၏။

" Choi BeomGyu ​စောလှချည်​လား? "

နာရီကိုတစ်​ချက်​လှမ်းကြည့်​လိုက်​​တော့ ၈နာရီခွဲသာရှိ​သေးသည်​။

" ဟုတ်​။ hyungလည်း​စောတယ်​​နော်​ "

" ​အင်း။ ဒီ​နေ့က ငါ့သန့်​ရှင်း​ရေးဂျူတီ​လေ "

" ​သြော်​ "

ကောင်​​လေးက သူ့​နေရာသူသွားကာ စားပွဲ​ပေါ်တင်​ထားတဲ့ ခုံကိုချ၍ လွယ်​အိတ်​​​တွေဘာ​တွေထားသည်​။

" သန့်​ရှင်း​ရေးက hyungတစ်​​ယောက်​ထဲလား? "

" အင်း။ အစက​တော့ မင်​​ယောက်​နဲ့ ရီအာလည်းပါတယ်​။ အခု​တော့ နှစ်​​ယောက်​လုံးစိတ်​​ကောက်​ပြီး ငါနဲ့သန့်​ရှင်း​ရေး အတူမလုပ်​ကြ​တော့ဘူး "

ရယ်​ကျဲကျဲနဲ့ ​ပေါ့​ပေါ့ပါးပါးပဲ Yeonjun ​ပြောလိုက်​​ပေမယ့်​ ​ကောင်​​လေးက ​ခေါင်းတငြိမ့်​ငြိမ့်​လုပ်​​နေသည်​။

" ဒါဆို ကျွန်တော်​ကူ​ပေးမယ်​​လေ။ ကျွန်တော်​လည်း ဘာတာဝန်​မှ မယူထားရ​သေး​တော့ "

ပြော​ပြောဆိုဆိုနဲ့ တင်​ထားတဲ့ခုံ​တွေကို BeomGyuက ပြန်​လိုက်​ချ​နေသည်​။ Yeonjunတစ်​​ယောက်​ ​ခေါင်းတကုတ်​ကုတ်​နဲ့ " ​သြော်​​အေ​​အေ" လို့သာ​ပြောလိုက်​ရ၏​။ သူတို့နှစ်​​ယောက်​သန့်​ရှင်း​ရေးလုပ်​ပြီး အမှိုက်​ပစ်​ဖို့ထွက်​ခဲ့ချိန်​ အတန်းထဲတချို့တ​လေ​တော့ ​ရောက်​လာပြီဖြစ်​သည်​။

Honey BellWhere stories live. Discover now