8

1.2K 228 74
                                    

(Zawgyi ver)

အပြင်​မှာမိုး​တွေက သည်းကြီးမည်းကြီးမဟုတ်​​ပေမယ့်​ အဆက်​မပြတ်​တ​ဖြောက်​​ဖြောက်​နဲ့ ရွာသွန်း​နေသည်​။ ​ရေမိုးချိုးပြီးသည်​နှင့်​ အိပ်​ယာ​ပေါ်ကို Yeonjun ချက်​ချင်းတက်​​ကွေးလိုက်​သည်​။ အိပ်​ဖို့မဟုတ်​ဘဲ မျက်​လုံး​တွေကိုစုံမှိတ်​လိုက်​​တော့ မြင်​ကွင်းတစ်​ခုက မျက်​လုံး​ထဲ​ပေါ်လာရင်း သ​ဘောကျစွာ ပြုံးလိုက်​မိ၏။

Gyuuကို ​စက်​ဘီး​နောက်ခုံမှာတင်​ရင်း မိုးရွာထဲ ထီးမ​ဆောင်းဘဲ အိမ်​ပြန်​လိုက်​ပို့ခဲ့တဲ့အခိုက်​အတန့်​​လေး။ သူ့ခါးနားကို ခပ်​ဖွဖွလာကိုင်​တဲ့ လက်​က​လေးတစ်​စုံကိုလည်း မြင်​​ယောင်​လာဆဲ။ လှည့်​ကြည့်​လိုက်​တဲ့အခါ လှစ်​ကနဲရယ်​ပြတဲ့ က​လေးရဲ့အပြုံး​တွေက အရမ်းကိုလှ​နေခဲ့တာ။ ထီးကို သူက​ဆောင်း​စေချင်​​ပေမယ့်​ မလုံမယ့်​အတူတူ ဒီတိုင်းပြန်​ကြရ​အောင်​ဆိုတဲ့ က​လေးရဲ့သ​ဘောထားကို သူ,မလွန်​ဆန်​နိုင်​ခဲ့။ မိုးရွာထဲစိုစိစိုစိသွားလာရတာ မကြိုက်ဘူးဆိုတဲ့က​လေးကို မိုးမစို​စေချင်​​ပေမယ့်​လည်း...။

စားပွဲ​ပေါ်တင်​ထားတဲ့ ဖုန်းကို ​Yeonjunလှမ်းယူလိုက်​သည်​။ Gyuuကို စာပို့ရင်​​ကောင်းမလား??
Yeonjun ခဏ​လောက်​စဉ်းစားပြီးမှ ဖုန်းဖွင့်​ကာ Gyuuရဲ့ contact​လေးကို နှိပ်​လိုက်​သည်​။

ဘာ​ပြောရင်​​ကောင်းမလဲ??

ကီးဘုတ်​ထက်​မှာ Yeonjunရဲ့လက်​​တွေ အမျိုးမျိုးလှုပ်​ရှား​နေသည်​။ အထူးသဖြင့်​ backspace key​ပေါ်မှာဖြစ်​သည်​။ ​ရေးလိုက်​ဖျက်​လိုက်​နဲ့ သူတကယ်​ဘာ​ပြောရမလဲမသိ​။ စိတ်​ရှုပ်​ရှုပ်​နဲ့ ဖုန်းကိုချ၍ ​စောင်​ကို​ခေါင်းမြှီးခြုံကာ သုံး​လေးပတ်​​လောက်​ အိပ်​ယာ​ပေါ်မှာ လိမ့်​​နေမိသည်​။

သူငယ်​ချင်း​တွေအချင်းချင်း ဘာ​ပြောကြလဲ???

မင်​​ယောက်​တို့၊ရီအာတို့နဲ့က ​အ​ကြောင်းရှိမှ "​ဟော့​ကောင်​​ရေ ဘာဖြစ်​တယ်​ညာဖြစ်​တယ်​" ဆိုပြီး တစ်​ခါတစ်​​လေမှ မက်​​ဆေ့ခ်ျ​ပို့​ဖြစ်​ကြတာ​လေ။ အခု သူက Gyuuကို အ​ကြောင်းမရှိအ​ကြောင်းရှာပြီး မက်​​ဆေ့ခ်ျ​ပို့ချင်​​နေတာဆို​တော့ ဘယ်​က​နေစ​ပြောရမှာလဲ။

Honey BellWhere stories live. Discover now