6

1.3K 246 115
                                    

(Zawgyi ver)

တစ်​ချိန်​လုံး ပြုံးစိပြုံးစိဖြစ်​​နေတဲ့သူ့ကို ရီအာက လှည့်​ကြည့်​လှည့်​ကြည့်​နဲ့ မျက်​​မှောင်​ကုတ်​ပြသည်​။ သူက​တော့ သီချင်း​လေးတညီးညီးနဲ့ တိုင်​ကပ်​နာရီကို ကြည့်​ကာကြည့်​ကာဖြင့်​သာ။ နာရီလက်​တံက ၉နာရီအတိကိုကပ်​သွား​ပေမယ့်​ BeomGyuတစ်​​ယောက်​ ​ရောက်​မလာတာမို့ ​ကျောင်းဝန်းထဲကို ​ခေါင်းပြူကာ​မျှော်​ရပြန်​သည်​။

" အဟမ်း Choi Yeonjun​ရေ လည်​ပင်​ကြီးလည်းရှည်​​နေပြီ​နော်​ "

ဘေးနားက​နေ ဂျယ်​မင်းက စ​သလို​နောက်​သလို ​ချောင်းတဟန့်​ဟန့်​နဲ့ ​ပြောလာမှ Yeonjunအတန်းထဲကို မျက်​နှာပြန်​မူလိုက်​မိသည်​။

" Choi BeomGyuက ဒီ​နေ့ခွင့်​ယူထားတယ်​တဲ့ ​မျှော်​မ​နေနဲ့ "

အိမ်​စာစာအုပ်​​တွေ ရုံးခန်းက​နေ သွားသယ်​လာတဲ့ ယူ​ဂျောင်းက သူ့ကိုတစ်​ချက်​မကြည့်​ဘဲ ခပ်​တည်​တည်​​ပြောသွားကာ စာအုပ်​​တွေလိုက်​​ဝေသည်​။ မိုင်ကနဲဖြစ်​သွားတဲ့သူ့ကို ရီအာက လှည့်​ကာ နှာခါင်းရှုံ့သည်​။ အခုရက်​ပိုင်း BeomGyuကို သည်းသည်းလှုပ်​ဖြစ်​​​နေတဲ့သူ့ကို သူငယ်​ချင်း​တွေလည်း မျက်​စိ​နောက်​​နေပုံရပါရဲ့။

တစ်​ခုခုများဖြစ်​လို့လားဆိုတဲ့ စိုးရိမ်​စိတ်​နဲ့ BeomGyuကို စာပို့ဖို့ပြင်​​တော့ ဆရာဝင်​လာတာ​နဲ့ မပို့လိုက်​ရ။

နေမ​ကောင်းများဖြစ်​​နေလို့လား?????

ခရီးသွားတာများလား?????

မ​နေ့က စားတာ​တွေများပြီး ဗိုက်​နာ​နေတာများလား???

ဒါမှမဟုတ်​ လူများတဲ့​နေရာ​တွေသွားပြီး ​ခေါင်းကိုက်​သွားလို့လား???

" Choi YeonJun!!!! "

" ​ခေါင်းကိုက်​​နေလို့လား "

" ဟားဟားဟားဟားဟား "

တစ်​တန်းလုံးရဲ့ရယ်​သံ​တွေ ကျွက်​ကျွက်​ညံသွား၍ ဆရာရဲ့ အကြည့်​စူးစူး​က​တော့ ​ကျောချမ်းဖွယ်​ရာအတိဖြစ်​သွားခဲ့သည်​။ ရုတ်​တရက်​ကြီး ဆရာ​ခေါ်လိုက်​တာကို အ​​ယောင်​​ယောင်​အမှားမှားနဲ့ ​ဖြေလိုက်​မိတဲ့သူ။

Honey BellWhere stories live. Discover now