11

1.1K 169 40
                                    

(Zawgyi ver)

" Choi Yeonjun​ရေ ​နေဖင်​ထိုးတဲ့အထိ အိပ်​မလို့လား? နင့်​အိမ်​မဟုတ်​ဘူး​နော်​ ထ!! "

နားထဲတိုးဝင်​လာသည့်​ အသံစူးစူးကြာင့်​ ​​မှောက်​ခုံလုပ်​​ကာ ​ခေါင်းအုံးနဲ့နားကိုပိတ်​၍ ဆက်​အိပ်​​နေလိုက်​သည်​။ မ​နေ့ညက ​တော်​​တော်​နဲ့အိပ်​မ​ပျော်​ခဲ့တာ​ကြောင့်​ သူ တကယ်​ကို မထချင်​​သေး။

" Choi Yeonjun!! နင်​ ငါတို့ထမင်းစားမယ့်​​နေရာမှာ အိပ်​​နေတာ အဆင်​မ​ပြေဘူး​နော်​။ ထ!လို့! "

Yeonjunမျက်​လုံး​တွေ ဆတ်​ကနဲပွင့်​သွားသည်​။ ​ဘေးဘီကိုလှည့်​ကြည့်​လိုက်​​တော့ အိမ်​​ရှေ့ကွပ်​ပျစ်​​ပေါ်မှာဖြစ်​​နေသည်​။ ရီအာတစ်​​ယောက်​က​တော့ ​ခါးကြီး​ထောက်​ကာ သူ့အားမှုန်​ကုတ်​ကုတ်​ကြည့်​​နေ၏။

မူးပြီး​မှောက်​သွားတာမဟုတ်​တဲ့ အ​ခြေအ​နေအတွက်​ သူ့ဦး​နှောက်​ကိုချက်​ချင်းအလုပ်​​ပေးလိုက်​သည်​။

မ​နေ့ညက..

အုတ်​ခုံ​ပေါ်မှာအကြာကြီးထိုင်​​နေမိပြီးမှ ဂျယ်​မင်းလာ​ခေါ်လို့ ဒီကွပ်​ပျစ်​​ပေါ်မှာပဲ သူတို့စားကြ​သောက်​ကြတယ်​။ ​မော့​တေး​လောက်​က​တော့ သူတို့မူးစရာအ​ကြောင်းကိုမရှိ။ အဲ့ဒီတစ်​ချိန်​လုံးလည်း က​လေးကို တစ်​ချက်​တစ်​ချက်​ကြည့်​မိရုံကလွဲပြီး သူဆင်​ဆင်​ခြင်​ခြင်​​နေခဲ့ပါတယ်​။ အဲ့ဒီ​နောက်​ စား​ပြီး​သောက်​ပြီး အဖွားတို့ပြန်​လာအပြီး အားလုံးအိပ်ယာဝင်​ကြ​ပေမယ့်​ က​လေးနားမှာအိပ်​ဖို့ စိတ်​အ​ခြေအ​နေ​တွေ သိပ်​မ​ကောင်းတာ​ကြောင့်​ အိမ်​ကိုဖုန်းဆက်​ဦးမယ်​ဆိုတဲ့အ​ကြောင်းပြချက်​နဲ့ ဒီကွပ်​ပျစ်​​ပေါ်မှာ လာထိုင်​​နေဖြစ်​တယ်​။ ​သေချာတာ​တော့ က​လေးအိပ်​​ပျော်​သွားမယ့်​ အချိန်​​လောက်​မှ အထဲဝင်​မယ်​ဆိုပြီး အချိန်​ဖြုန်း​နေရာက သူ အိပ်​​ပျော်​သွားတာ။

*ဟာ..​တော်​​တော်​မ​ကောင်းကြဘူးပဲ။ တစ်​​ယောက်​မှ သူ့ကိုလာမနိုးဘူး​ပေါ့။ ဒီ​လေတိုက်​တိုက်​ကြီးထဲမှာ အိပ်​​ပျော်​​နေတာ​တောင်​​လေ။

Honey BellWhere stories live. Discover now