3

1.4K 298 61
                                    

(Zawgyi ver)

" Choi Yeonjunပါတယ်​ဆို။ ပွဲကလှပြီ​ပဲ "

" ဟိုဖက်​ကလည်း သူတို့Aceပါတယ်​​ပြောတယ်​​နော်​ "

ကျောင်းဆင်ချိန်​ စက်​ဘီးစတန်းမှာ စက်​ဘီးထုတ်​​နေတုန်း ​ကျောင်း​ရှေ့ကို ခပ်​တုတ်​တုတ်​​ပြေးသွားကြတဲ့ ​ကျောင်းသား​တွေဆီက ကြားလိုက်​ရတဲ့စကားသံတချို့​ကြောင့်​ BeomGyu တစ်​စုံတစ်​ခုကို​တွေးလိုက်​မိသည်​။ အချိန်​ရရင်​လာခဲ့​ပေါ့ဆိုတဲ့ Choi Yeonjunရဲ့စကား။ လူများ​တဲ့​နေရာ​တွေကို သူမသွားခဲ့တာ တကယ့်​ကိုကြာခဲ့ပြီ။ ဒါမှမဟုတ်​ တစ်​​ယောက်​တည်း​နေခဲ့တာကြာခဲ့ပြီလို့​ပြောရမည်​လား။ ​သူ ထိုပွဲကိုလည်းသွားကြည့်​ဖို့ စိတ်​ကူး​မရှိပါ။

ကျောင်း​ရှေ့​ရောက်​​တော့ မလှမ်းမကမ်းက ဘတ်​စကတ်​​ဘောကွင်းဆီကို BeomGyu လှမ်းကြည့်​လိုက်​မိသည်​။ စက်​ဘီး​တွေ၊ ဆိုင်​ကယ်​​တွေပြည့်​​နေပုံက ကတယ့်​​ကျောင်းပွဲကြီးလို။ ချိန်းပွဲဆို​ပေမယ့်​ Choi Yeonjun​ကြောင့်​​ရော၊ တစ်​ဖက်​အသင်းကလည်း အစဉ်​အဆက်​ကပြိုင်​ဖက်​​တွေ​ဖြစ်​​နေတာ​ကြောင့်​​ရော အုတ်​​အော်​​သောင်းနင်းဖြစ်​​နေ​ကြောင်း သူကြားခဲ့ပြီးဖြစ်​သည်​။ သွားဖို့စိတ်​ကူးမရှိခဲ့​သော်​လည်း BeomGyu ​ခြေလှမ်း​တွေက ​ဘတ်​စကတ်​​ဘောကွင်းဘက်​သို့ ဦးတည်​​နေခဲ့သည်။

________________

ပထမပိုင်းအ​စောကတည်းက Yeonjunတို့ဖက်​က ဦး​ဆောင်​​နတာမို့ Yeonjun သိပ်​အားမထုတ်​ရ။ တစ်​ဖက်​အသင်းက လူချလွန်း၍သာ အထိမနာ​အောင်​ ​ရှောင်​​နေရသည်​။ " Choi Yeonjun Choi Yeonjun " ဟူကာ သူ့နာမည်​က​တော့ တစ်​ကွင်းလုံးကို ပဲ့တင်​ထပ်​​နေလျက်​။ Yeonjunကလည်း ထုံးစံအတိုင်း တစ်​လုံးသွင်းပြီးတိုင်း winkတစ်​ချက်​​ပေးကာ ​အောင်​ပွဲခံတတ်​သည်​။ ထိုအခါ ​ကောင်​မ​လေး​တွေရဲ့ ကမ္ဘာပျက်​သံက ကျွက်​ကျွက်​ညံ​သွား၍။

Yeonjun ပွဲကြည့်​စင်​ကို လှမ်းကြည့်​မိတဲ့အခါ လက်​တီးလက်​​မောင်းတန်းပြီး အကြိတ်​အနယ်​ အား​ပေး​နေတဲ့ မိမိသူငယ်​ချင်းတစ်​သိုက်​ကို​တော့ ကွင်းကနဲမြင်​​ရ​ပေမယ့်​ Choi BeomGyuကို​တော့ ရှာလို့မ​တွေ့။ ရရင်​ရသလို သူ Choi BeomGyuကို ရှာ​နေမိသည်​။

Honey BellWhere stories live. Discover now