13

1.1K 178 41
                                    

(Zawgyi ver)

နောက်​ဆုံးစာ​မေးပွဲကြီးပြီး၍ ​​နွေ​ကျောင်းပိတ်​ရက်​များသည်​ Yeonjunတို့အတွက်​ ​ရွှေ​ရောင်​​နေ့ရက်​များဖြစ်​လာ​လေသည်​။

" Yeonjun နင်​ဘာလို့ BeomGyuကို ဖွင့်​မ​ပြော​သေးတာလဲ? "

ရီအာစကားစလိုက်​​တော့ ဖုန်းကိုယ်​စီသုံး​နေကြတဲ့ သူငယ်​ချင်းတစ်​သိုက်​လုံး သူ့ဆီအကြည့်​​ရောက်​လာသည်​။ Yeonjun ဖင်​ကပ်​သာကျန်​တဲ့ အ​အေးကို ပိုက်​နဲ့အကုန်​စုပ်​​သောက်​လိုက်​ပြီး ရီအာ့ကိုကြည့်​လိုက်​တယ်​။

" ဘာလို့လို့ထင်​လဲ? "

" မသိလို့​မေး​နေတာ​ပေါ့ "

" အင်​ အ​ကြောင်းရင်းက​ နှစ်​ခုရှိတယ်​ဟ "

Yeonjun ဟန်​ပါပါနဲ့ ထိုင်​ခုံကိုအ​သေချာ မှီထိုင်​လိုက်​တယ်​။ သူ့သူငယ်​ချင်း​တွေကလည်း စိတ်​ဝင်​စားမှုအား​ကောင်း​နေသလို ​ရှေ့တိုးလာကြသည်​။

" နံပါတ်​တစ်​ စာ​မေးပွဲအတွင်း သူ့ကိုဘာအ​နှောက်​အယှက်​မှ မ​ပေးချင်​လို့။
နံပါတ်​နှစ်​ ငါတို့အသက်​အရွယ်​က စိတ်​လှုပ်​ရှားမှုအပြင်းထန်​ဆုံးအရွယ်မဟုတ်​လား? ငါ့ကိုယ်​ငါ ​သေချာပြန်​စမ်းစစ်​​နေတာ။ ငါ Gyuကို တကယ်​သ​ဘောကျတာလား? တကယ်​ တန်​ဖိုးထားနိုင်​ပါ့မလား? ငါဖက်​က တကယ်​​သေချာရဲ့လား ငါ့ကိုယ်​ကို စမ်းစစ်​​နေတာ။ ငါ့ရဲ့စိတ်​လှုပ်​ရှားမှုတစ်​ခုအတွက်​နဲ့​တော့ သူ့ကိုမထိခိုက်​​စေချင်​ဘူး "

Yeonjun စကားဆုံး​တော့ သူငယ်​ချင်း​တွေအားလုံး တစ်​ခုခုကိုစဉ်းစား​နေသလို ငြိမ်​သက်​​နေကြသည်​။

" ဒါဆို နင့်​အ​ဖြေကဘာလဲ? "

မင်​​ဂျောင်းက ​မေးလာသည်​။

" ငါမသိ​သေးဘူး "

" နင့်​ဟာကလည်း။ ကိုယ့်​ခံစားချက်​ကိုယ်​​တောင်​ မသိဘူးလား? "

" ငါ သူ့အတွက်​ စဉ်းစား​နေလို့ပါဟာ "

" မင်းအ​ကောင်းဆုံးလုပ်​နိုင်​မှာပါ။ မင်းနှလုံးသားအတိုင်းပဲလုပ်​​ပေါ့ "

Honey BellWhere stories live. Discover now