2

1.7K 289 18
                                    

(Zawgyi ver)

" ရီအာ နင့်​ကိုဒီ​ကောင်​ငြင်းတာမလား? အဲ့​ကောင်​နဲ့မ​ခေါ်နဲ့။ ဖင်​မြင့်​တဲ့​ကောင်​ "

မင်​​ဂျောင်းရဲ့စကားကို ရီအာက Yeonjunအား မျက်​​စောင်းတစ်​ချက်​လှမ်းထိုးရင်း ​ခေါင်းငြိမ့်​​ထောက်​ခံသည်​။ Yeonjunက​တော့ ရယ်​ကျဲကျဲနဲ့ သူ့သူငယ်​ချင်းမနှစ်​​ယောက်​အား ဆံပင်​​တွေထိုးဖွပစ်​လိုက်​၏။ သူတို့သူငယ်​ချင်းတစ်​သိုက်​က အမြဲထိုပုံစံအတိုင်းပင်​။

" မ​နေ့က ငါမရှိ​တော့ ဘာ​တွေ​ထွေ​ထွေထူးထူးဖြစ်​ကြ​သေးလဲ ဟဲဟဲ "

အာကျယ်​အာကျယ်​နဲ့အတန်းထဲဝင်​လာပြီး ​နေရာမှာဝင်​ထိုင်​ဖို့ပြင်​လိုက်​တဲ့ သူတို့အုပ်​စုရဲ့​နောက်​ဆုံး​သောသူ ယူဂျယ်​မင်း။

" Yarrr!!! အဲ့မှာထိုင်​လို့မရဘူး!!! "

အ​နောက်​ကလှမ်း​အော်​တဲ့ Yeonjun​ကြောင့်​ ယူဂျယ်​မင်းတစ်​​ယောက် တုန်​တက်​သွားကာ Yeonjunအား ပြူးကနဲလှည့်​ကြည့်​​လေသည်​။

" ငါ့​နေရာငါထိုင်​တာ​လေ ဘာဖြစ်​လို့လဲ? "

" အခု အဲ့ဒါမင်း​နေရာမဟုတ်​​တော့ဘူး။ ဒီကိုလာ "

ထရမလို၊ထိုင်​ရမလို ကုန်းကုန်းကွကွဖြစ်​​နေရှာတဲ့ ဂျယ်​မင်းကို Yeonjun လက်​သွားဆွဲ​ခေါ်လာသည်​။

" မ​နေ့ကမင်း​ကျောင်းမလာလို့ မင်း​နေရာကို ​ကျောင်းသားသစ်​ကို ​ပေးလိုက်​ပြီ "

" ဟာ ရမလား။ ငါ့​နေရာကို "

" ရလိုက်​ပါကွာ။ မင်းက​ကျောင်းသား​ဟောင်းပဲ။ ​ကျောင်းသားသစ်​ကို ဦးစား​ပေးလိုက်​ပါ "

ဂျယ်​မင်းပုခုံးကိုဖက်​ပြီး ဖတ်​တီးမင်​​ယောက်​​ဘေးခုံမှာ ထိုင်​​စေတဲ့ Yeonjunကို ဂျယ်​မင်း မကြည်​ကြည့်​တစ်​ချက်​​တော့ ကြည့်​​နေ​သေးသည်​။ အရမ်းကြီး စိတ်​ဆိုး​နေဟန်​​တော့မရတာမို့ Yeonjun ပြုံးကာ မျက်​နှာချို​သွေးလိုက်​သည်​။

ထိုအချိန်​ အတန်းထဲဝင်​လာတဲ့ BeomGyuက ဂျယ်​မင်း​နေရာမှာ ဝင်​ထိုင်​​တော့ ဂျယ်​မင်းက Yeonjunကို ​စောင်းကြည့်​ကာ...,,

Honey BellOnde histórias criam vida. Descubra agora