10

1.1K 170 59
                                    

(Zawgyi ver)

ခရီးပန်းလာ​ပေမယ့်​ စိတ်​ရဲ့လှုံ့​ဆော်​မှု​ကြောင့်​ထင်​ သူတို့အားလုံးအ​စောကြီးနိုး​နေကြသည်​။ အိမ်​မှာနဲ့မတူ​အောင်​ အ​စောကြီးထတာ​တောင်​ လူကလန်းဆန်း​နေ၏။ ပြတင်း​ပေါက်​ကိုတွန်းဖွင့်​လိုက်​တဲ့အခါ ပင်​လယ်​ပြာပြာကြီးကိုလှမ်းမြင်​​ရသည်​။ ​နေပင်​မထွက်​​သေးတဲ့ ဂျယ်​ဂျူ၏နံနက်​ခင်း။

" Gyuu အိမ်​မှာ​ရော အ​စောကြီးထ​နေကျလား? "

အိပ်​ယာ​တွေ​ခေါက်​သိမ်း​နေတဲ့Gyuuကို လှမ်း​မေးလို​က်​​တော့ ​ခေါင်းခါပြသည်​။

" အိပ်​မ​ပျော်​လို့လား? "

စိုးရိမ်​သလို ခပ်​မြန်​မြန်​ထွက်​သွားတဲ့ သူ့အသံ​ကြောင့်​ Gyuuက သွားတန်း​လေး​တွေ​ပေါ်​အောင်​ရယ်​ကာ ​ခေါင်းထပ်​ခါပြ​သည်​။

" မဟုတ်​ပါဘူး။ ဒီ​နေ့ကိုက တက်​တက်​ကြွကြွနဲ့နိုး​နေတာ။ ပတ်​ဝန်းကျင်​က အရမ်းfreshဖြစ်​လို့ထင်​တယ်​ "

" ဟုတ်​မယ်​​နော်​။ ငါလည်းအတူတူပဲ "

ဂျယ်​မင်းနဲ့ မင်​​ယောက်​က ​မျက်​နှာသစ်​ဖို့ဆင်းသွားကြတာ​ကြောင့်​ အခန်းထဲမှာ သူတို့နှစ်​​ယောက်​သာကျန်​ခဲ့သည်​။

" ဒါနဲ့ တကယ်​ကြီး သူငယ်​ချင်း​တွေနဲ့ ခရီးမထွက်​ဖူးဘူးလား? "

" ဟုတ်​ "

" တစ်​ခါမှ? "

" အင်း "

" ဟက်​ တကယ့်​က​လေး​လေးပဲ ဟားဟား "

သ​ဘောကျစွာ သူရယ်​ရင်း ကြမ်းပြင်​မှာငုတ်​တုတ်ထိုင်​​နေတဲ့Gyuuကို ဆံပင်​​တွေထိုးဖွလိုက်​​တော့ ထိုက​လေးက သူ့အား ​ပေ​စောင်း​စောင်း​လေး မျက်​လုံးပင့်​ကြည့်​လာသည်​။

" ကျွန်​​တော်​ က​လေးမဟုတ်​ပါဘူး​နော်​ "

" အဟက်​ ဟားဟား။ မဟုတ်​ဘူးလား? ဟုတ်​မယ်​ထင်​တယ်​​နော်​။ ငါ​က​တော့ မင်းကို အရမ်းအသဲယားတာပဲ "

ရယ်​ကျဲကျဲနဲ့ က​လေးဆံပင်​​တွေကို ထပ်​တစ်​ကြိမ်​ထိုးဖွပစ်​လိုက်​သည်​။

Honey BellWhere stories live. Discover now