17

1.5K 146 38
                                    

- Zawgyi -

" အေးလိုက်တာ "

ဆိုင်ထဲကိုလုံးလုံးလုံးလုံးနဲ့ပြေးဝင်လာပြီး အအေးဒဏ်ကိုအံတုဖို့ ခုန်ဆွခုန်​ဆွလုပ်လေတဲ့ Gyuu။

" ဒီမှာလာထိုင်! ကိုယ် ကော်ဖီပူပူလေးမှာထားပေးတယ် "

Yeonjunပြောတော့ ခုန်ဆွခုန်ဆွလုပ်နေရာက Gyuuက သူ့နားဘေးမှာ ဝင်ထိုင်တယ်။ ဆောင်းအဝင်ရာသီဥတုက ဘယ်လောက်ထိအေးလိုက်သလဲဆို ကလေးရဲ့နှာထိပ်လေး နီရဲနေတာကိုပဲကြည့်။

" အေးလိုက်တာ "

လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီး သူ့ပုခုံးပေါ် ခေါင်းတိုးလာတဲ့Gyuuကို ခပ်နွေးနွေးလေး Yeonjun ဖက်ထားပေးလိုက်တယ်။

" အရမ်းအေးနေလား? "

" အင်း အေးတယ် "

" အမယ်လေး ဒီကဘဲမရှိတဲ့သူတွေ အားငယ်အောင်မလုပ်ပါနဲ့ "

အရှေ့မှာထိုင်နေတဲ့ ရီအာနဲ့မင်ဂျောင်းက သူတို့နှစ်ယောက်ကို မျက်စောင်းကြီးတွေလှမ်းထိုးသည်။

" အေးလို့ပါ "

Gyuuက ရယ်ကျဲကျဲလေးပြန်​​ပြောပြီး Yeonjunက သူ့သူငယ်ချင်းမတွေ မနာလိုအောင် Gyuuကိုယ်လေးကို တမင်တိုးဖက်ပြလိုက်တော့ ဆဲဆိုသံတွေ ပလုံစီသွားသည်​။

" နင်တို့က တအားမနာလိုဖြစ်တယ်နော်။ ကိုယ့်ဟာကိုယ်တော့ အဖြစ်ရှိအောင်မနေဘဲနဲ့ "

" ဟဲ့ ဒါကတက္ကသိုလ်မတက်ရသေးလို့​လေ။ ကျောင်းတက်တာနဲ့ ငါက ဘဲတွေဟောတစ်ယောက်ဟောတစ်ယောက်ထားပစ်မှာ "

" အေး နင့်ကို ဂျယ်မင်းက လိုက်သတ်လိမ့်မယ် "

ရီအာရဲ့မျက်စောင်းက Yeonjunဆီ ဒိုင်းကနဲ။

" သူနဲ့ငါနဲ့ ဘာဆိုင်လို့လဲ? သူတောင် ရည်းစားထားခဲ့သေးတာပဲ။ ငါလည်းထားမှာပေါ့ "

" ဪ ဪ ဆိုရီအာ ဆိုရီအာ! ဂျယ်မင်းကိုမကြိုက်ဘူးလို့ထင်နေတာ တကယ်က ဟိုကောင်က သူ့မတိုင်ခင် ရည်းစားထားခဲ့လို့ မကျေမနပ်ဖြစ်နေတာကိုး ဟားဟား "

" တိတ်စမ်း Choi Yeonjun!!! "

မနက်ခင်းကော်ဖီဝိုင်းလေးက ရယ်သံတွေနဲ့  ခပ်နွေးနွေးလေး အသက်ဝင်လို့သွားခဲ့တယ်။ ဂျယ်မင်းကခရီးသွားနေပြီး မင်ယောက်ကလည်း ကိစ္စရှိတာကြောင့် ဒီနေ့တော့ လူမစုံပါချေ။

You've reached the end of published parts.

⏰ Last updated: May 26, 2020 ⏰

Add this story to your Library to get notified about new parts!

Honey BellWhere stories live. Discover now