12

1.1K 164 34
                                    

(Zawgyi ver)

ဂျယ်​ဂျူတွင်​ အသွားအပြန်​အပါအဝင်​ ၆ရက်​တိတိ​နေခဲ့ပြီး ဆိုးလ်​ကိုပြန်​​ရောက်​ချိန်​မှာ ပိတ်​ရက်​က၄ရက်​ကျန်​၍ စာ​မေးပွဲ​ဖြေဖို့ ၁လ​လောက်​သာလို​တော့သည်​။ ထို၁လကိုလည်း သူတို့​ကျောင်းပုံမှန်​တက်​ဖြစ်​မည်​မဟုတ်​။ ​ဆရာ/ဆရာမ​များကလည်းနားလည်​​မှု​ပေးထားတာ​ကြောင့်​ Self studyအ​နေနဲ့ တစ်​ပတ်​၂ရက်​​လောက်​သာ ​ကျောင်းသွားပြီး အိမ်​မှာသာစာကျက်​ကြမည်​ဖြစ်​သည်​။

အထက်​တန်း​နောက်​ဆုံးနှစ်​စာ​မေးပွဲကြီးဆိုသည့်​အတိုင်း ဘဝရဲ့အချိုးအ​ကွေ့ကြီးတစ်​ခုဖြစ်​တာမို့ ​သေချာ​လေးလုပ်​ဖို့​တော့လိုသည်​။ ဒါ​ပေမယ့်​ သူတို့တစ်​ဖွဲ့လုံးက စိတ်​ပူစရာမလို။ အကုန်​လုံးက ဥာဏ်​ကြီးရှင်​​တွေချည်း။ ဒါ​ကြောင့်​လည်း စာ​မေးပွဲနီိး​နေတာ​တောင်​ ခရီးထွက်​​နေနိုင်​တုန်း​လေ။ တချို့များဆို အခုချိန်​ မအိပ်​နိုင်​မစားနိုင်​နဲ့ ကုန်းရုန်းစာလုပ်​​နေကြမှာအသချာ။

သူတို့အထဲမှာ ဆရာမကြီးက ဟန်​မင်​​ဂျောင်း။ ​ကျောင်းရဲ့ Top threeထဲကတစ်​​ယောက်​။ ဆိုရီအာနဲ့ Yeonjunဆိုတာကလည်း အတန်းထဲမှာ  အမြဲ Top Tenဝင်​တဲ့သူ​တွေ။ မင်​​ယောက်​နဲ့ဂျယ်​မင်းကလည်း တစ်​နှစ်​တစ်​တန်း​အေး​ဆေး​လေး​အောင်​တဲ့​ကောင်​​တွေဆို​တော့ ဘာမှစိတ်​ပူစရာမလို။ သူတို့အဖွဲ့က စည်း​တော့စည်းလုံးသည်​။ အ​ပျော်​အပါးဆိုလည်း လာထား။ ​အေး စာလုပ်​ပြီဆိုလည်း မင်​​ဂျောင်းရဲ့အာဏာစက်​ကြီးနဲ့ မဖြစ်​မ​နေကို လုပ်​ရတာမို့ ​အေး​​အေး​ဆေး​ဆေးကို တက္ကသိုလ်​​ရောက်​မှာ ​သေချာ​နေပြီးသား။ Gyuuကလည်း ဒုတိယနှစ်​ဝက်​မှ​ပြောင်းလာတာဆို​ပေမယ့်​ အရင်​​ကျောင်းမှာ အမှတ်​​တွေ​ကောင်းခဲ့​ကြောင်း သိပြီးသားမို့ ဘာမှကို စိတ်​ပူစရာမလို။ ​အေး​ဆေးတာမှ က​လေးပင်​​မွေးလို့ရသည်​။

မနက်​ဖြန်​မှ စာစလုပ်​မယ်​ဆိုတဲ့အ​တွေးနဲ့ တစ်​ရက်​လုံး အိပ်​ယာထဲမှာ Yeonjun ​ကွေး​နေမိ၏။
ထိုအချိန်​ Group Chatထဲ စာတစ်​​စောင်​ဝင်​လာသည်​။

Honey BellWhere stories live. Discover now