7

1.2K 232 49
                                    

(Zawgyi ver)

အပူချိန်​နည်းနည်းတိုးတဲ့မနက်​ခင်း​ကြောင့်​လားမသိ Yeonjunနဖူးမှာ ​ချွေးအနည်းငယ်​စို့ချင်​​နေသည်​။ ဒါမှမဟုတ်​ ​ကျောင်းကို​ခြေလျင်​လာခဲ့၍များလား။ ဒါလည်းမဟုတ်​။ စင်​စစ်​​တော့ ​ဇော​ချွေးလို့​ပြောရမည်​ဖြစ်​သည်​။ မ​နေ့က သူ BeomGyuကို ဘာစိတ်​နဲ့ အမြင်​ကတ်​လိုက်​တာလို့ ​ပြောခဲ့မိမှန်းမသိ။ ဒီ​နေ့ BeomGyuနဲ့ မျက်​နှာချင်းဆိုင်​ဖို့ သူ့မျက်​နှာ​တွေ အရမ်းပူ​နေသည်​။ စဉ်းစားကြည့်​ရင်​ သူ ​ယောကျာ်းမပီသတာ။ သူ အကြီးမပီသတာ။ က​လေးက သူ့ဟာသူပြုံးတဲ့ကိစ္စကို ဘာ​ကြောင့်​ အဲ့လိုကြီး​ပြောထွက်​ရတာလဲ။ ရှက်​ဖို့​ကောင်းလိုက်​တာ။

" Yeonjun hyung!! "

" အို့ လန့်​လိုက်​တာ "

တွေး​နေတုန်းတန်းလန်း အနား​ရောက်​ချလာတဲ့ BeomGyu​ကြောင့်​ သူ့​ခေါင်း​တွေ သုံးဆ​လောက်​ကြီးသွားသည်​။

" Beom..BeomGyu "

" hyung "

" ဟင်​ "

" hyung မ​နေ့က ကျွန်​​တော့်​ကိုစိတ်​ဆိုးသွားတာလား? "

" ဟမ်​? "

" ဘာလို့လဲဟင်​? "

" အဲ!! အဲ့..အဲ့ဒါက..အဲ့ဒါက...ဟို..ငါ မင်းကိုဘယ်​မှာစိတ်​ဆိုးလို့လဲ? မဆိုးပါဘူး "

မယုံသလို မျက်​လုံး​လေးပင့်​ကြည့်​​လာတဲ့ BeomGyuကို သူ မျက်​နှာလွှဲထားလိုက်​သည်​။ သူ့နားရွက်​ဖျား​တွေက​တော့ နီရဲကာ​နေ​လေပြီ။

" ဒါဆို ကျွန်​​တော့်​ကို အမြင်​ကတ်​တယ်​လို့​ပြောသွားတာက​ရော? "

" အဲ့ဒါက ငါမင်းကိုဒီတိုင်းစလိုက်​တာ "

ဘာ​ပြောရမယ်​မသိလို့ ပါးစပ်​ထဲ​တွေ့ကရာ​ပြောချလိုက်​သည်​။ မတတ်​နိုင်​။

" ​သြော်​~! hyungက စတာလား။ ကျွန်​​တော်​က​တော့ hyung ကျွန်​​တော့်​ကို ဘာလို့အမြင်​ကတ်​သွားတာလဲလို့​ တစ်​ညလုံး​တွေး​နေတာ။ အိပ်​လို့​တောင်​မ​ပျော်​ဘူး "

" ဟင်​! "

ဟန်​​ဆောင်​​နေတာမဟုတ်​တဲ့ က​လေးရဲ့မျက်​နှာကို ကပြာကယာ​​မော့ကြည့်​လိုက်​​တော့ အနည်းငယ်​ညိုချင်​​နေတဲ့မျက်​လုံးအစပ်​​လေး​တွေ​ကြောင့်​ အားနာစိတ်​​ရော၊ စိုးရိမ်​စိတ်​​ရော တစ်​ပါးတည်း လှိုက်​တက်​သွားရသည်​။

Honey BellWhere stories live. Discover now