9

1.2K 203 92
                                    

(Zawgyi ver)

" Yeonjun အဲ့ဒါတကယ်​ပဲလားလို့? "

စိတ်​ပျက်​လက်​ပျက်​ဖြစ်​​နေတဲ့ သူတို့တစ်​ဖွဲ့လုံးမှာ အခုထိ အားမ​လျော့ချင်​​သေးတဲ့ ရီအာက ထပ်​​ခါမေး​နေသည်​။

" ​အေးလို့ "

" အားတင်းထားသမျှ​လေး သွားပါပြီဟာ "

ဝမ်းနည်းပက်​လက်​ဖြစ်​သွားဟန်​နဲ့ စားပွဲခုံ​ပေါ်​မျက်​နှာ​မှောက်​ချလိုက်​တဲ့ ရီအာ။

သူတို့​အားလုံး​မျှော်​လင့်​ထားတဲ့ ​ကျောင်းသားtripက အ​ကြောင်းအမျိုးမျိုး​ကြောင့်​ စာ​မေးပွဲပြီးမှဆိုသည့်​အချိန်​ကာလသို့​နောက်​ဆုတ်​သွားတာ​မို့ ​မျှော်​လင့်​ချက်​​တွေရိုက်​ချိုးခံလိုက်​ရသလို တစ်​ဖွဲ့လုံးရင်​ကွဲပက်​လက်​ဖြစ်​​နေကြခြင်းဖြစ်​သည်​။ 

" ဒါဆို ဒီ​ကျောင်းပိတ်​ရက်​ကို အိမ်​တွင်း​အောင်းရင်းပဲ ကုန်​ဆုံးရ​တော့မှာ​ပေါ့ "

ဂျယ်​မင်းရဲ့အားမရှိတဲ့ ညည်းသံကြီး​ကြောင့်​ Yeonjunလည်း သက်​ပြင်းချလိုက်​မိသည်​။ သူ့အတွက်​က​တော့ ​ကျောင်းသားtripက အဲ့​လောက်​ကြီးမဟုတ်​​ပေမယ့်​ ဒီခရီးကိုက​လေးနဲ့အတူသွားရမည်​မို့ အနည်းငယ်​​မျှော်​လင့်​မိခဲ့တာ​တော့အမှန်​။ က​လေးက​တော့ ဒီကိစ္စမှာ ဘာမှတ်​ချက်​မှဝင်​မ​ပေး။ သူတို့​ပြောသမျှကိုသာ​နား​ထောင်​နေသည်​။

" ငါတို့ ဒီလိုလုပ်​ကြရင်​​ရော? ​ကျောင်းကဆယ်​ရက်​​တောင်​ပိတ်​မှာဆို​တော့ ငါတို့ဘာသာခရီးတစ်​ခုထွက်​ကြမလား? "

မင်​​ယောက်​ရဲ့စကား​ကြောင့်​ ​ငေါင်​​နေကြရာက အားလုံး လှုပ်​လှုပ်​ရှားရှားဖြစ်​သွားသည်​။

" သွားမယ်​ဆို ငါတို့ကဘယ်​ကိုသွားမှာလဲ? အိမ်​ကခွင့်​ပြုတဲ့​နေရာမှဖြစ်​မှာ​နော်​ "

မင်​​ဂျောင်းရဲ့စကားကို အားလုံးက​ထောက်​ခံသည်​။ သူတို့အ​နေနဲ့ အိမ်​ကစိတ်​ချပြီး ခွင့်​ပြုတဲ့​နေရာမျိုးဖြစ်​ဖို့​တော့လိုသည်​မဟုတ်​လား။

" ဒါကလွယ်​ပါတယ်​။ Yeonjunရဲ့ အဖိုးနဲ့အဖွားက ဂျယ်​ဂျူမှာရှိတာမလား? ငါတို့ဂျယ်​ဂျူကိုသွားလည်​ကြမယ်​​လေ "

Honey BellWhere stories live. Discover now