1...

17.1K 929 103
                                    

Zawgyi

"မင်းတို့​တော်​​တော်​အသုံးမကျတာပဲ..!"

"BaekHyun ကလဲ​ခေါင်း​ဆောင်​ဖြစ်​ပြီး​တော့..
တစ်​ကယ်​..!!!!!
ငါကွာ..!!"

တောင်​ကိုရီးယားနိုင်​ငံ..လူဆိုး​လောကရဲ့..ထိပ်​တန်းဂိုဏ်းတစ်​ခုရဲ့အိမ်​​တော်​အတွင်း...

တိတိကျကျ​ပြောရရင်​...အ​မှောင်​​လောကသား​တွေအကြား
နာမည်​ တစ်​လုံးနဲ့ရပ်​တည်​​နေတဲ့Park အိမ်​​တော်​ရဲ့
ဧည့်​ခန်းအတွင်းမှာ..
တစ်​စုံတစ်​​ယောက်​ကလွဲပြီး...ကျန်​တဲ့လူ​တွေအားလုံး
တုတ်​တုတ်​မှမလှုပ်​ရဲကြ...။

အဲ့ဒီတစ်​စုံတစ်​​ယောက်​က..Park အိမ်​​တော်​ရဲ့​ခေါင်း​ဆောင်​..။

ပြတင်​ပေါက်​နားမှာ..​ကျော​ပေးရပ်​​နေသည့်​​ကျောပြင်​ကျယ်​ကြီးကို ကြည့်​ပြီး...
အားလုံးအသက်​​တောင်​မရှူရဲ..။

စော​စောက အလှထားထားတဲ့ ပန်းအိုးကို ​ပစ်​​ပေါက်​လိုက်​လို့်​ဖန်​ခွဲစ​တွေ​ခြေ​ထောက်​နားလာစင်​တာ​ကြောင့်
လွန်​ခဲ့သည့်​လကမှ အသစ်​၀င်​လာသည့်​အငယ်​ဆုံး​လေးဆိုရင်​..​ခြေ​ထောက်​​တွေ​ရောလက်​​တွေ​ရော..
တဆတ်​ဆတ်​တုန်​လို့...။

ဖြစ်​​မြောက်​​အောင်​မလုပ်​နိုင်​လိုက်​သည့်​အလုပ်​အတွက်​..
ဘာ​တွေများအပြစ်​ဒဏ်​ချခံရမလဲ ရင်​တစ်​ထိတ်​ထိတ်​နဲ့...။

ဒါ​ပေမယ့်​ ရင်​ထိတ်​​နေကြသည့်​လူ​တွေအထဲ
Baek Hyun ​တော့မပါ...။

သူ့ရဲ့ရက်​စက်​တတ်​မှု​တွေထဲမှာ အသားကျ​နေပြီလို့ပဲ​ပြောရမလား..။

"ငါဘယ်​​လောက်​အထိ အားခဲထားလဲဆိုတာသိရက်​နဲ့ကွာ..."

သူတို့​ခေါင်း​​ဆောင်​ကြီးဒီprojectကို ဘယ်​​လောက်​​မျှော်​မှန်းထားလဲဆိုတာသိ​ပေမယ့်​..
သူတို့လဲ အတတ်​နိုင်​ဆုံး ဘာအမှားမှမရှိ​အောင်​ ကြိုးစားခဲ့ကြတာ သိ​ပေမယ့်​..

အောင်​မြင်​ခါနီးမှ တစ်​ဖက်​ကလူ​တွေ သိသွားတာက..
သူတို့လဲမတတ်​နိုင်​....။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now