13...

6.2K 605 23
                                    

Zawgyi

ပြီးးခဲ့တဲ့နာရီပိုင်းတစ်​ချို့အထိ စည်​ကား​နေခဲ့သည့်
ကွန်​ပျူတာခန်းကြီးက အခု​တော့ အလုပ်​သိမ်းချိန်​​ရောက်​ပြီမို့..တိတ်​ဆိတ်​​နေသည်​....။

ပုံမှန်​ဒီအချိန်​ဆို

အိမ်​မှာဟိုလူရဲ့ရင်​ခွင်​ထဲ​ခေါင်းတိုးဝင်​ပြီး
အိပ်​စက်​​နေကျဖြစ်​​ပေမယ့်​လ်ို့ အခု​တော့..
နက်​သထက်​နက်​လာတဲ့ညနဲ့အတူ..
အိပ်​စက်​ချင်​စိတ်​​ဆိုတာ ဘယ်​​ရောက်​လို့​ရောက်​​နေမှန်းမသိ...။

ဒီအချိန်​မှာကျန်းမာ​ရေးထိခိုက်​တာ​တွေဘာတစ်​ခူမှမလုပ်​သင့်​မှန်းသိ​ပေမယ့်​...
အိပ်​ရာ​ပေါ်မှာ ဟိုလှိမ့်​ဒီလှိမ့်​လုပ်​ပြီး​တော့,​တော့ ညတာမရှည်​ချင်​ဘူး​လေ...။

ဂိမ်း​လေးနှစ်​ပွဲသုံးပွဲထိုင်​​ဆော့​နေတာကမှ အာရုံလွှဲနိုင်​တာမို့...
မီးအ​မှောင်​ချထားတဲ့အခန်းကျယ်​ကျယ်​ထဲ...
ဂိမ်းထိုင်​​​ဆော့​နေမိသည်​..။

ည​နေပိုင်းတစ်​ပိုင်းလုံး ကွန်​ပျူတာကြည့်​ထားရလ်ို့ မျက်​လုံး​ညောင်းချိ​နေ​ပေမယ့်​..
ဟိုလူ့အ​ကြောင်း​တွေကိုမ​တွေးမိဖို့ဆိုရင်​...
ဂိမ်းထဲမှာ အာရုံစိုက်​ထားမှဖြစ်​မှာမို့..
မျက်​လုံး​ညောင်း​နေလဲ....

ရင်​ထဲကနာကျင်​မှု​တွေကို...ဂိမ်းပြိုင်​ပွဲဆီမရရ​အောင်
အာရုံလွှဲထားမိသည်​...။

ပြီးခဲ့တဲ့ရက်​ပိုင်းက SeHun ရဲ့​ဆေးရုံအထိ လိုက်​လာခဲ့​ပေမယ့်​လို့ Ms.Charlotteဆီစိတ်​မပါရင်​ သွားဖို့မလို​ကြောင်း ဘာဘာညာညာတစ်​ခွန်းမှ မ​ပြောပဲ..
အချိန်​တန်​​တော့လဲ သူလိုရာပဲခိုင်းခဲ့တဲ့အ​ကြောင်း​..။

တစ်​စိမ့်​စိမ့်​​တွေးရင်​နာကျင်​​လေ ဆိုတာ ဒါမျိုး​နေမှာ...။

"Baek Hyun..မအိပ်​​သေးဘူးလား..?"

"​အော်​..noona..
ဟုတ်​တယ်​..မျက်​စိ​ကြောင်​​နေလို့​လေ..အိပ်​မ​ပျော်​တာနဲ့
ဂိမ်း​ဆော့​နေတာ.."

"ဟယ်​..မင်းကလဲ..အခုချိန်​ အိပ်​​ရေးပျက်​တာ မ​ကောင်းဘူးဆိုတာ..မင်းအသိဆုံးကို.."

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now