10..

6.7K 670 91
                                    

Zawgyi

Park အိမ်​​တော်​ကြီးတစ်​ခုလုံး တိတ်​ဆိတ်​​နေသည့်​ညအချိန်​..

ကျွန်​​တော်​က​တော့ ထုံးစံအတိုင်း
အ​ပေါ်ထပ်​က ဒုတိယအရှင်​သခင်​ရဲ့ အိပ်​ခန်းကျယ်​ထဲ
ရောက်​ရှိလို့​နေပြန်​တယ်​..။

လက်​ထပ်​လက်​စွပ်​ ကိစ္စနဲ့ ​အော်​ကြီးဟစ်​ကျယ်​စကားများရန်​ဖြစ်​ပြီး​နောက်​ပိုင်း ပထမဆုံးအဖြစ်
သူ့ရင်​ခွင်​ကျယ်​ထဲ ငြိမ်းချမ်းစွာ အနားယူခွင့်​ရသည့်​​နေ့လို့​ပြောရင်​ လဲ မမှား...။

အဲ့​နေ့က ပုံမှန်​ထက်​ရန်​စွာမိခဲ့သည့်​သူ့အမှားအတွက်
တောင်းပန်​၀န်​ချ​နေတာကို နား​ထောင်​ရင်း...
ဒီရက်​ပိုင်းအတွင်း​ဝေးကွာ​နေခဲ့ရသည့်
သူ့ကိုယ်​သင်းရနံ့​တွေကို ရှူရှိုက်​ရင်း..

ကျွန်​​တော့်​ကမ္ဘာကြီး ​ပျော်​ရွှင်​​နေပြန်​တယ်​ဆိုရင်​​တော့
ရူးမိုက်​လိုက်​တာလို့များ အပြစ်​​ပြောခံရမလားပဲ..။

ဒါ​ပေမယ့်​ဒီလူ ဘာပဲလုပ်​ပါ​စေ...
သူ့အရိပ်​​တွေထဲက ရုန်းမထွက်​နိုင်​တာ..
ကျွန်​​တော့်​ရဲ့အားနည်းချက်​တစ်​ခုဖြစ်​​နေတယ်​ဆို​တော့ကာ..။

အင်း..Park Chan Yeol ကနတ်​ဆိုးဆိုရင်​လဲ
ကျွန်​​တော်​အဆင်​​ပြေပါတယ်​...။

" အဲ့​နေ့တုန်းက..ကိုကိုအလုပ်​သိပ်​အဆင်​​ပြေမလာလို့..
ဒေါသထွက်​​ပေါက်​လိုလုပ်​လိုက်​မိတာ..
တောင်းပန်​ပါတယ်​​နော်​.."

"...."

"လက်​စွပ်​က​တော့..​နောက်​များကျမှ..တူတူဝတ်​ကြမယ်​​နော်​..အခုက..အင်း..
ကိုကို့ရဲ့အားနည်းချက်​ကို လိုက်​ရှာ​နေတဲ့လူ​တွေချည်းပဲ
အဲ့တာ​ကြောင့်​မို့.."

"အဲ့တာ​တွေမ​ပြောလို့မရဘူးလား...
အခုအဲ့တာ​တွေမသိချင်​ဘူး..ကျွန်​​တော်​သိတာ..
ခင်​ဗျားကိုအရမ်းလွမ်း​နေတာပဲ..
ဘာလို့..မ​ချော့ပဲ ပစ်​ထားရတာလဲ..!!"

"ပစ်​ထားတာမဟုတ်​ပါဘူး..က​လေးရယ်​..
အဲ့​နေ့ကတည်းက အလုပ်​​တွေမအားတာပါ..
ဒီ​နေ့မှ​အေး​အေး​ဆေး​ဆေးအချိန်​ရလို့...အခုမှ ​ချော့နိုင်​တာပါ..ကိုကို​ပြောတာယုံ​နော်​.."

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now