Zawgyi
ကျယ်ဝန်းလှသည့် Park အိမ်တော်ခြံဝင်းထဲ ညအချိန်
ပကတိတိတ်ဆိတ်နေသည်..။
တိတ်ဆိတ်သည်ဆိုလို့ လူတစ်ယောက်မှ မရှိတာမျိုးမဟုတ်ပဲ...ညဘက်ကင်းတာဝန်ကျတဲ့သက်တော်စောင့်တစ်ချို့ရယ်..
တစ်ခြား အလုပ်သမားနည်းနည်းရယ် ရှိကြသည်..။ဒါပေမယ့် သူတို့အားလုံးရောက်တဲ့နေရာမှာ မတ်မတ်ရပ်ကာ..အရှေ့ကမြင်ကွင်းတစ်ခုကိုကြည့်ပြီးမင်သက်ရလွန်းလို့ ဘာစကားမှ မဆိုနိုင်တော့တဲ့အထိ ဖြစ်သွားကြတာမို့ ဘာဘာညာညာလှုပ်ရှားမှုလဲမရှိပဲ တိတ်ဆိတ်ခြင်းသာစိုးမိုးနေခြင်းဖြစ်သည်..။
အကြောင်းကတော့ တစ်ခြားမဟုတ်..။
သူတို့အပေါ်မှာ မျက်နှာထားတည်တည်နဲ့ဆက်ဆံပြီး..
မလိုအပ်ပဲ စကားတစ်ခွန်း တောင်ပြောလေ့မရှိတဲ့..
သူတို့ရဲ့ဒုခေါင်းဆောင်ကြီးက...
ခြံဝင်းထဲက အိမ်ပုလေးမှာနေတဲ့ ဘာမဟုတ်တဲ့အလုပ်သမားတစ်ယောက်ရှေ့ကို..
အသည်းအသန်တောင်းပန်နေတဲ့ မြင်ကွင်း...။သူတို့တစ်တွေတော့ တော်တော်လေးထူးဆန်းနေလိမ့်မယ်..။
နေသာအနောက်ကထွက်ချင်ထွက်လာလိမ့်မယ်..။
ဒါမျိုးဆိုတာ အနှစ်တစ်ထောင်ကြာရင်တောင်မြင်ရချင်မှ မြင်ရမယ့် မြင်ကွင်းမျိုးလေ...။နောက်ပြီးတော့သူတို့မျက်လုံးထဲမှာ..ဘာမဟုတ်တဲ့အလုပ်သမားတစ်ယောက်က..
မိုးမြေလောက်ကြီးကြီးကျယ်မြင့်မြတ်လွန်းတဲ့သူတို့သခင်ကြီးအတွက်တော့..သေမလောက်အရေးကြီးတဲ့လူဆိုတာ
သိလိုက်ရတော့...အံ့သြတာမဆန်းဘူးလေ...။ဒုခေါင်းဆောင်ကြီးဆီကနေအက်ကွဲသံသဲ့သဲ့နဲ့အတူ...
မျက်ရည်စက်တွေပါးပြင်ဖြူဖြူထက်လိမ့်ကျလာတဲ့အချိန်မှာတော့..အားလုံး အံ့သြ သထက်အံ့သြ သွားခဲ့ရသည်ပေါ့...။"ကိုယ်မှားတာ..အဲ့တာကြောင့်မို့..ဘယ်မှ မသွားပါနဲ့နော်!
ကိုယ်တောင်းပန်ပါတယ်...!!"
YOU ARE READING
Tyranny Ver.2 ( ဖိနှိပ်ညှင်းပန်းခြင်း ) ( Zawgyi + Unicode )
Fanfictionခင်ဗျားက ရက်စက်တတ်တယ်.. ဒါပေမယ့်... ခင်ဗျားရဲ့အချစ်တွေကို ခံစားလို့ရတာကြောင့်.. ခင်ဗျားကို အရမ်းချစ်တယ် ဒါပါပဲ... CV by asuna park ❤