20....

4.2K 525 18
                                    

Zawgyi


ဖြစ်​ရိုးဖြစ်​စဉ်​​တွေထက်​ ထူးကဲပြီး အ​ပြောင်းအလဲ​တွေကြုံဆုံရရင်​ တစ်​ခုခု ထူးခြား ​ပြောင်းလဲ သွားရတယ်​တဲ့...။

အခုကျွန်​​တော့်​ဘ၀ကြီးလဲ အချိုးအ​ကွေ့တစ်​ခုကို ကြုံဆုံရပြီး​နောက်​ပိုင်း အရာအားလုံး ​ပြောင်းလဲသွားသည်​..။

မနက်​ဆိုရင်​ အိပ်​ရာက​တော်​​တော်​နဲ့မနိုးတဲ့သမီး​လေးကို
ကျောင်းသွားဖို့ နှိုးစရာမရှိ​တော့သလို..
ညဘက်​အိပ်​ရာဝင်​ရင် ​ခေါင်းတိုးပြီး ၀င်​အိပ်​ရမယ့်​ ရင်​ခွင်​ကျယ်​ကြီးလဲ အနားမှာ မရှိ​တော့...။

စွန့်​လွှတ်​အနစ်​နာခံတတ်​မှုက သူ​တော်​​ကောင်းတရားလို့ ဘုရားရှင်​တိုင်း​ဟော​ပြောခဲ့ကြ​ပေမယ့်​...
တစ်​ကယ်​တမ်းအနစ်​နာခံကြည့်​တဲ့အခါကျ...ကာယကံရှင်​ကိုယ်​တို်​င်​သာ များစွာ​သော နာကျင်​မှုများတဲ့ကျန်​ခဲ့ရတာကို...ကိုယ်​တိုင်​ကြုံဖူးမှ သိနိုင်​​ပေမည်​....။

ချစ်​မိတဲ့လူက ​ခြောက်​ပစ်​ကင်းသဲလဲစင်​ ပြစ်​ချက်​ကင်းတဲ့ လူတစ်​​ယောက်​မဟုတ်​​ကြောင်းအစကတည်းက သိ​နေတာမို့ ကိစ္စအဖုံဖုံကို ဘာရယ်​ ညာရယ်​ စိတ်​ထဲ ထားမ​နေ​တော့ပဲ...ဖြစ်​သမျှ အ​ကြောင်းအ​ကောင်းလို့ သာ​တွေး​နေ​တော့သည်​....။

အခုကျွန်​​တော့်​ကို​ခေါ်ထားတဲ့မိန်းမကြီးက..သူ့ညီမကိုအ​ကြောင်းပြုပြီးကိုကို့ကို​တော်​​တော်​​လေး မုန်းတီး​နေပုံရတာမို့..ကိုကိုလုံးဝတုပ်​မရလှုပ်​မရ​တဲ့ကိစ္စနဲ့ဂွင်​ကြီးကြီးကိုမှ
ခြိမ်းး​ခြောက်​တတ်​​လေခြင်းလို့လဲ အပြစ်​မတင်​ချင်​​တော့...။

အားလူံး ဖြစ်​သမျှအ​ကြောင်း အ​ကောင်းချည်းသာ...။

ကိုကိုနဲ့သမီးအပါအ၀င်​ ကျန်​တဲ့လူ​တွေအားလုံး​ဘေးကင်းဖို့ဆို ကျွန်​​တော်​တစ်​​ယောက်​တည်း အနစ်​နာခံရတာဘာ
အ​ရေးမို့လို့လဲ..။

ကိုကို့ကိုလွမ်းတာလား...။

သွားစမ်းပါ..အဲ့လူကြီးနား​နေရင်​လဲ ဘယ်​အချိန်​ဘာလုပ်​မလဲ တစ်​ထိတ်​ထိတ်​ဖြစ်​​နေရတာနဲ့တင်​ နှလုံး​ရောဂါ ရ​နေမှာ..အခုဆို..သူမရှိတဲ့​နေရာမှာ အားလုံး​အေး​အေးချမ်းချမ်းပဲ....။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now