21...

4.2K 577 62
                                    


Zawgyi

မနက်​မိုးလင်းမျက်​လုံးဖွင့်​ရင်​ မြင်​ရတာက နံရံဖြူဖြူနဲ့မျက်​နှာကျက်​ဖြူဖြူ...။

ထို့နည်းတူပင်​ ညအိပ်​ရာဝင်​ရင်​ မြင်​ရတာ လဲ ဒီနံရံဖြူဖြူနဲ့မျက်​နှာကျက်​ဖြူဖြူသာ...။

အပြင်​​လောကကြီးက ဘယ်​လိုပုံသဏ္ဍာန်​ဘာအ​ရောင်​ရှိလဲ ဆိုတာ သိရ​အောင်​ကလဲ ဒီအခန်းထဲက​နေ​ခြေတစ်​လှမ်း​တောင်​ထွက်​ခွင့်​မရဘူးဆို​တော့ကာ....

ဒီထဲ ​ရောက်​​နေတာ ဘယ်​​လောက်​ကြာပြီလဲဆိုတာပင်​ ​မေ့​ပျောက်​ချင်​​နေပြီ...။

"နာမည်​..Byun Baek Hyun...
ခင်​ပွန်းက. .Park Chan Yeol....
သမီး​လေးနာမည်​က Park Baek Hee.."

တစ်​ခန်းလုံး ကုတင်​တစ်​လုံးတည်းသာရှိ​နေသည့်​အခန်းဖြူဖြူထဲမှာ လုပ်​စရာဆိုလို့ သံတံခါး​တွေနဲ့ပိတ်​ကာထားသည့်​ အပြင်​ဘက်​လို့ထင်​ရသည့်​​နေရာကို တစ်​ခါတစ်​ခါ
တစ်​ခုခုကိုလှမ်း​မျှော်​​ငေးကြည့်​တာရယ်​...။

ဒီကို​ရောက်​ခါစက​တော့. ..ခံစားချက်​တစ်​ခုခုနဲ့တစ်​စုံတစ်​​ယောက်​ကို လှမ်း​မျှော်​ကြည့်​​ခဲ့​ကောင်းကြည့်​ခဲ့​လောက်​​ပေမယ့်​ ဒီ​နေ့အချိန်​အခါမှာ​တော့..
လက်​ထဲက စက္ကူ​ခေါက်​​လေးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ရင်း..
ကျွန်​​တော့်​ကို​မျှော်​​နေ​ကောင်း​မျှော်​​နေ​လောက်​မယ့်​..
ခင်​ပွန်းနဲ့သမီးဖြစ်​သူကို ဒီတိုင်း တမ်းတရုံသာတတ်​နိုင်​​တော့သည်​...။

အဲ့တာကလွဲရင်​ သူတို့နဲ့ပတ်​သက်​တဲ့ မှတ်​ဥာဏ်​​တွေ
တစ်​​နေ့ထက်​တစ်​​နေ့ပိုပြီး​ပျောက်​ကွယ်​လာ​နေသလို...။

အဲ့လိုဖြစ်​လာရတဲ့အ​ကြောင်းရင်းက..
ကျွန်​​တော့်​ကိုယ်​ထဲမှာ ပူ​လောင်​လာတဲ့အချိန်​​တွေဆိုအဆင်​​ပြေသက်​သာရန်​သုံးဖို့ဆိုပြီးသူတို့​ပေးထားတဲ့​ဆေး​တွေ​ကြောင့်​ဖြစ်​မယ်​ဆိုတာ အတပ်​သိ​ပေမယ့်
အဲ့ဒီ​ဆေး​တွေကိုလွှင့်​ပစ်​လိုက်​ဖို့အထိ​တော့ မတတ်​နိုင်​​သေး....။

ဝေဒနာ​တွေကို​တောင့်​မခံနိုင်​ရင်​...
ကျွန်​​တော့်​ခင်​ပွန်းနဲ့သမီးကို ပြန်​​တွေ့ရဖို့အ​ရေး က
ဖြစ်​နိုင်​​တော့မှာ မဟုတိဘူးမလား..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now