15....

6.2K 582 55
                                    

Zawgyi

Park အိမ်​​တော်​ရဲ့ထမင်းစားခန်းထဲမှာ..ဇွန်းသံခက်​ရင်းသံ​တွေထွက်​​နေတာကလွဲလို့ကျန်​တာ အားလုံးတိတ်​ဆိတ်​​နေသည်​..။

စားပွဲထိပ်​မှာကိုကိုထိုင်​​နေပြီး..ကိုကို့​ဘေးမှာ ကျွန်​​တော်​နဲ့သမီး​လေးရယ်​..မျက်​နှာချင်းဆိုင်​မှာ SeHunee ရယ်
အားလုံးကိုယ့်​​ထောင့်​နဲ့ကိုယ်​​အေး​အေးလူလူထမင်းစား​သောက်​​နေကြသည်​...။

ဒါ​ပေမယ့်​ ဇွန်းသံခက်​ရင်းသံ​တွေကြားထဲက​နေ ခပ်​စာစာ​လေးထွက်​​ပေါ်လာတဲ့သမီး​လေးရဲ့အသံ​ကြောင့်​...
လူကြီးသုံး​ယောက်​စလုံးစားလက်​စ​တွေအကုန်​ရပ်​တန့်​သွားပြီး..
ကျွန်​​တော်​ဆိုရင်​ ထမင်း​တောင်​နင်​မတတ်​ဖြစ်​သွားခဲ့ရသည်​...။

"appa..လက်​ကဘာဖြစ်​တာလဲ..အနီ​ကြောင်းကြီး.."

"ဟမ်​..! အဲ့တာ appa ​ချော်​လဲလို့ဒဏ်​ရာရထားတာ.."

"ဟယ်​..​ချော်​လဲတာအဲ့မှာဒဏ်​ရာရတယ်​ဟူတ်​လား..
မီးမီး​ချော်​လဲလို့ရှိရင်​..ဒီ​နေရာမှာ အနာဖြစ်​တာပါ..appaကျမှပဲ.."

"သမီးကလဲ..ဒါက လူကြီး​တွေ​ချော်​လဲရင်​အဲ့နားမှာဖြစ်​တာ ..က​လေး​တွေနဲ့မတူဘူး.."

"ဟုတ်​လား..အွန်းအွန်း..အဲ့ဆိုလဲပြီး​ရော...မီးမီး​ကျောင်းကပြန်​လာရင်​..appa နာနာကို ​ဆေးလိမ်း​ပေးမယ်​​နော်​.."

ပုံမှန်​ဆို သူ့ဘာသူထမင်းစားတတ်​သည့်​သမီး​လေးက..
ဒီ​နေ့လိုငါးဟင်းချက်​သည့်​​နေ့မျိုးဆိုရင်​​တော့..သူ့ကိုအရိုးနွှင်​​ပေးရသည်​...။

တိုက်​ဆိုင်​တယ်​လို့​ပြောရမလား..။

ပုံမှန်​အတိုင်းသူ့ဘာသူစား​နေရင်​ ကျွန်​​တော့်​လက်​ကို ဒင်း​လေးကအာရုံစိုက်​မိချင်​မှ စိုက်​မိမှာ​ပေမယ့်​..
ဒီ​နေ့​တော့သူ့ပန်းကန်​ထဲ ဟင်း​ထည့်​ထည့်​​ပေး​နေရတာမို့..
သူ့မျက်​လုံးထဲ ကျွန်​​တော့်​လက်​​ကောက်​၀တ်​ကိုရှင်းရှင်းလင်းလင်းမြင်​မှာ​ပေါ့...။

က​လေးတို့ဝသီအတိုင်းသိချင်​တာကို..အချိန်​မဆိုင်းပဲ​မေးချလိုက်​​တော့...ကိုယ်​ပဲ အရှက်​​တွေသည်းရသည်​...။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now