5...

7.5K 713 104
                                    

Zawgyi

" Baek Hyun..နင့်​ကို Chae Yeon က
ကြိုက်​လို့တဲ့..ပြန်​ကြိုက်​လိုက်​​တော့.."

"အံမယ်​..နင်​ကပြန်​ကြိုက်​လိုက်​ဆိုတိုင်းငါကဘာကိစ္စနဲ့
ကြိုက်​ရမှာတုန်း..မယ်​တတ်​ပကြီးရဲ့.."

"​ဟော်​..Chae Yeon က ..
တစ်​​ကျောင်းလုံးမှာ queen ​လေ​ကောင်​စုတ်​ရဲ့...
သူ့ကိုကြိုက်​​နေတဲ့လူ​တွေဒီ​လောက်​​ပေါ​နေတဲအထဲ
နင့်​ကိုကြိုက်​​ပေးတာ ​ကျေးဇူးတင်​မယ်​မရှိဘူး..
ဂျီးကများ​နေတယ်​.."

မနက်​ခင်းအတန်းမစခင်​​လေး..အတန်းသူအတန်းသား​တွေ ဆူညံပွက်​​လောရိုက်​​နေတဲ့အချိန်​..
ကျွန်​​တော်​လဲ..သူငယ်​ချင်း​တွေနဲ့​ရေပက်​မ၀င်​​အောင်
စကားများ​နေတဲ့အချိန်​မှာ..အ​ရှေ့ဆုံးတန်းကအတန်း​ခေါင်း​ဆောင်​မက..
အ​နောက်​ဆုံးတန်းနားကကျွန်​​တော့်​ဆီ ဆင်းလာပြီး..
သူ့အချစ်​ဆုံးသူငယ်​ချင်းနဲ့​အောင်​သွယ်​​ပေး​နေသည်​..။

Lee Chae Yeon ဆိုတာ..ဆံပင်​ရှည်​ရှည်​..
ဖြူဖြူနုနု​လေးနဲ့ သိပ်​ကိုလှတဲ့မိန်းက​လေးတစ်​​ယောက်​ဆိုတာ..
အထက်​တန်းတက်​သည့်​သုံးနှစ်​လုံးသတိထားမိ​ပေမယ့်​..
အင်း..အရင်​တုန်ူးကဆိုရင်​​တော့ အဲ့​ကောင်​မ​လေးနဲ့
တွဲလိုက်​ရင်​တွဲလိုက်​မှာ​ပေမယ့်​..
အခု​တော့ ရင်​ထဲမှာ သံ​ယောဇဉ်​ကြိုးတစ်​​ချောင်းက​ရောက်​နှင့်​ပြီးဖြစ်​​နေတာမို့ Chae Yeon လဲစိတ်​မ၀င်​စားနိုင်​​တော့ပါ...။

အထက်​တန်း ​နောက်​ဆုံးနှစ်​ စတက်​ကတည်းက..
အရင်​နှစ်​​တွေကနဲ့မတူ..
တစ်​ခုမဟုတ်​တစ်​ခု အ​ကြောင်းရှိအ​ကြောင်းရှာစကားလာ​ပြော​နေလို့ ကျွန်​​တော့်​ကိုစိတ်​၀င်​စား​နေတယ်​ဆိုတာ သိခဲ့သည်​..။

လွန်​ခဲ့တဲ့ရက်​ပိုင်းတစ်​ချို့က ကိုကိုဆိုသည့်​လူကြီးလက်​ချက်​နဲ့ကျွန်​​တော့်​ဆံပင်​​တွေအဖြူ​ရောင်​သို့​ပြောင်းလဲသွားပြီးခဲ့တဲ့​နောက်​မှာ Chae Yeon ရဲ့အကြည့်​​တွေပုံမှန်​ထက်​ ပိုပြီးbling bling ဖြစ်​လာတာ ကိုသတိထားမိ​ပေမယ့်​လဲ..
ဒီလိုမျိုးကြီးတိုက်​ရိုက်​​ပြောလာလိမ့်​မယ်​လို့မထင်​မိ..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now