18...

4.2K 565 12
                                    

Zawgyi

"Baek Hyun ကို​တွေ့မိကြ​သေးလား..?
ဟမ်​..?
သူဒီကိုလာ​သေးလား....?"

"ဗျာ...အစ်​ကို​လေးဒီဘက်​ကို မလာပါဘူး
ခေါင်း​ဆောင်​ကြီး...."

"ဟာကွာ....​တောက်​...!!"

"appa...appa ​ပျောက်​သွားတာလားဟင်​ daddy..
ဟုတ်​တယ်​မလား..?
appa ​ပျောက်​သွားတာမလား.."

သမီးကိုအရုပ်​၀ယ်​​ပေးပြီးရင်​ လာမှာမို့ကား​ပေါ်မှာပဲ​စောင့်​​နေပါဆိုတာကို...
ကား​ပေါ်မှာလဲမ​တွေ့ ကစားကွင်းထဲ ​ဒေါင်း​တောက်​​အောင်​ရှာကြည့်​​ပေမယ့်​လဲမရှိ...
CCTV ထိသွားရှာ​တော့လဲ ကား​ပေါ်တက်​ သွားတာပဲ​တွေ့ပြီး အဆင်းမ​တွေ့လို့တစ်​ခုခု​တော့ထူးပြီ ဆိုပြီး...
တပည့်​တစ်​ချို့ကို လမ်း​ကြောင်းလိုက်​ဖို့ ညွှန်​ကြားထားနှင့်​ပြီးဖြစ်​ပြီး...
အိမ်​အမြန်​ပြန်​လာခဲ့သည်​...။

အိမ်​​ရောက်​​တော့ အိပ်​ခန်းထဲကအစ တစ်​အိမ်​လုံးပတ်​ရှာပြီး အ​စေခံတန်းလျားအထိရှာ​သော်​လည်း..
မလာပါ မ​တွေ့ပါဆိုတဲ့လူ​တွေချည်းပဲ ဆို​တော့..
ဒီ​လောက်​ဆိုသိလိုက်​ပါပြီ..။

ကျွန်​​တော့်​အသည်းနှလုံးဟက်​တက်​ကွဲ​ကြေဖို့်​ အ​ကြောင်းဖန်​လာပြီဆိုတာ....။

သမီးကလဲ သူ့​အ​ဖေကို မ​တွေ့​တော့လို့တငိုငိုတရယ်​ရယ်​နဲ့...။

သူ့ကို​ချော့ဖို့ ထက်​ကိုယ်​ကိုယ်​တိုင်​ကိုက မျက်​ရည်​စက်​လက်​နဲ့လူ​ပျောက်​ရှာ​နေရတာ ဆို​တော့..
အင်း..အဆင်​မ​ပြေဘူး..
ဘယ်​လိုမှ အဆင်​​ပြေမ​နေဘူး..။

နေပါဦး..ကျွန်​​တော်​နဲ့သမီးနဲ့ အရုပ်​သွားဝယ်​တာ မိနစ်​ပိုင်း​လေးပဲရှိ​သေးတာကို...
ဘယ်​ကအ​ကောင်းစား​တွေက..ကျွန်​​တော့်​လူကို ​ခေါ်သွားဝံ့တာတဲ့လဲ...။

ကျွန်​​တော့်​အနီးပတ်​၀န်းကျင်​က​နေ ​ခေါ်ထူတ်​သွားဝံ့တာ
ဆို​တော့ကာ သိပ်​ကိုသတ္တိ​ကောင်း​လှတယ်​​ပေါ့...။

အဲ့တာကလဲ ကျွန်​​တော်​အမြတ်​နိုးရဆုံးဖြစ်​တည်​မှုကိုမှ..
ဆွဲ​ခေါ်ချသွားတာ...။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now