23

5.4K 595 52
                                    

Zawgyi

ဟင်းနံ့အနည်းငယ်​လှိုင်​ထွက်​​နေသည့်​ ထမင်းစားခန်းထဲတွင်​ Chan Yeolတစ်​​ယောက်​ ဟင်းအိုး​မွှေရတာကတစ်​မျိုး ကြက်​သွန်​​တွေလှီးရတာ တစ်​ဖုံ အရွက်​​တွေ​ခြွေရတာကတမျိုးနဲ့ ​ညစာ ချက်​ပြုတ်​ဖို့​တော်​​တော်​​လေး အလုပ်​ရှုပ်​​နေသည်​...။

လူဆိုးတစ်​​ယောက်​ဖြစ်​ခဲ့​ပေမယ့်​လို့ အ​မေ့ဆီက​နေဟင်းချက်​၀ါသနာပါသည့်​ အ​မွေ​လေးရခဲ့သည်​ထင်​ပါ့..။
အားတဲ့အချိန်​​တွေမှာ ဟင်းလျာချက်​ပြုတ်​ခြင်းက အ​လေ့အထတစ်​ခုဖြစ်​ခဲ့သည်​...။

ဒီ​နေ့ SeHunee က ဂျူတီ​စော​စောဆင်းရမှာ ဖြစ်​သလို public holiday လဲဖြစ်​​နေတာ​ကြောင့်
မိသားစု​တွေ​အေး​အေး​ဆေး​ဆေးထမင်းလက်​ဆုံစားလို့ရ​အောင်​ဆိုပြီး ကိုယ်​တိုင်​​ဈေးဝယ်​ထွက်​ကာ ကိုယ်​တိုင်​ချက်​ပြုတ်​ဖြစ်​သည်​...။

ချက်​ပြုတ်​တယ်​ဆိုလို့အထူးအဆန်းရယ်​လဲ မဟုတ်​ပါဘူး..။
စား​နေကျဟင်း​လေးအနည်းငယ်​​ပေါ့...။

သို့​ပေမယ့်​ သူနဲ့သမီး​လေးကြိုက်​တတ်​တဲ့ဟင်းလျာတစ်​ချို့ကို​တော့မပါမဖြစ်​ ကြိုးစားပြီးချက်​​ဖြစ်​သည်​..။

"ကြည့်​ကြည့်​..appaတို့က​တော့..တစ်​ဇွန်းစာ​လေးပဲ ကျန်​တာကို ကိုယ့်​သမီး​လေးစားဖို့ဆိုပြီးမထားဘူး အားလုံးစားပစ်​တယ်​.."

"​အော်​..မင်း​ရေခဲမုန့်​က ​တော်​​တော်​ကြီးကိုကြီးတာဆို​တော့
ချန်​ထားရမှာ​ပေါ့...?"

"ကြည့်​ကြည့်​...! appaတို့များ ပြန်​လာပြီး​နောက်​ပိုင်း
ကိုယ့်​သမီး​လေးကို​တောင်​အရှုံးမ​ပေးချင်​​တော့ဘူး...!!!"

"ကဲ..ဒီသားအဖ​တွေနဲ့က​တော့ခက်​ပြီ...
SeHun samchoon ကိုလှမ်းမှာလိုက်​​လေ..
ရေခဲမုန့်​တစ်​ဘူးနှစ်​ဘူး​လောက်​၀ယ်​လာခဲ့ပါလို့.."

"daddyပဲ​ကောင်းတယ်​..appaမ​ကောင်းဘူး..
မချစ်​​တော့ဘူး..ဟွန်း..!!"

အရင်​အချိန်း​တွေတုန်းကလိုပင်​ ကျွန်​​တော်​ဟင်းချက်​​နေသည့်​အချိန်​ဆို ခုံမှာထိုင်​ပြီး တစ်​ခုခု အမြဲထိုင်​စား​နေကျ ထိုသားအဖသည်​ အခုလဲ ​ရေခုမုန့်​တစ်​ဘူးကိုတစ်​​ယောက်​တစ်​ဇွန်းနှိုက်​စားကြပြီး သမီး​လေး ​ရေဘူးထယူတဲ့အချိန်​မှာ ​နောက်​ဆုံးတစ်​ဇွန်းကိုBaek Hyunee ယူစားလိုက်​သည်​ထင်​ပါ့..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now