14...

6.7K 579 41
                                    

Zawgyi


A few years later from the time of Park Baby was born,...

မင်္ဂလာရှိတဲ့မနက်​ခင်းအခါသမယမှာ..အရင်​တုန်းက
ကိုကိုတစ်​​ယောက်​တည်း ​ဘေးနားရှိရုံနဲ့တင်​..
ကျွန်​​တော့်​ကမ္ဘာ အားလုံးပြီးပြည့်​စုံခဲ့​ပေမယ့်​..
အခုအချိန်​မှာ​တော့..ကိုကိုအပြင်​တစ်​ခြားတစ်​​ယောက်​ပါထပ်​တိုး​နေခဲ့​တော့ ပြည့်​စုံသည်​ထက်​ ပိုပြည့်​လျှံ​နေသည်​လို့ ​ပြောရမည်​...။

အရင်​ကဆို..ဒီလိုအချိန်​ဆို အိပ်​ရာထဲမှာ နှပ်​ရင်​နှပ်​..
မဟုတ်​ရင်​ ဟိုနားဒီနား လမ်းပတ်​​လျှောက်​ရင်​ ​လျှောက်​..
စသဖြင့်​​ရောက်​တတ်​ရာရာလုပ်​​နေခဲ့​ပေမယ့်​ လွန်​ခဲ့သည့်​လပိုင်း​လောက်​ကစပြီး..ကျွန်​​တော့်​ရဲ့မနက်​ခင်း​တွေက
တစ်​စုံတစ်​​ယောက်​ဆီကို အပိုင်​​ပေးထားဖြစ်​သည်​...။

အဲ့တစ်​စုံတစ်​​ယောက်​က တစ်​ခြားလူ​တော့မဟုတ်​..။

ကျွန်​​တော်​နဲ့ကိုကိုရဲ့ဘ၀ထဲကို...လာခြင်း​ကောင်း​သော အလာမျိုးနဲ့​ရောက်​ရှိလာခဲ့သည့်​ ဧည့်​သည်​​လေးပင်​..။

နောက်​တစ်​နည်း​ပြောရရင်​..
ကျွန်​​တော်​သိပ်​ချစ်​ရတဲ့သမီးက​လေး....။

သူ​ရောက်​လာခဲ့တဲ့အချိန်​ကစပြီး...ကျွန်​​တော့်​ဘ၀က
အရင်​ကထက်​ပို​ပျော်​ဖို့​ကောင်းလာသလို...
ကိုကိုကလဲ ဘာပြသနာမှ မရှာ​တော့သည်​မှာ...
လေးနှစ်​​ကျော်​ငါးနှစ်​နီးပါး​တောင်​ရှိခဲ့ပြီဆို​တော့..
အင်း..ဘယ်​လို​ပြောရမလဲ..
ဒီအချိန်​​လေးက...ကျွန်​​တော့်​အတွက်​​တော်​​တော့်​ကို​​ပျော်​ဖို့
ို့​ကောင်းတဲ့အခိုက်​အတန့်​​လေးပင်​...။

မနက်​မိုးလင်းရင်​ ​ကျောင်းသွားရမယ့်​ သမီး​လေးကိုပြင်​ဆင်​​ပေးပြီး​ကျောင်းလိုက်​ပို့ရတာကိုပင်​..
ကျွန်​​တော့်​မှာ ပြုံးလို့​ပျော်​လို့...။

ကိုကိုနဲ့တူပါ​စေလို့..​နေ့တိုင်းဆု​တောင်းမိခဲ့လို့လား​မသိ..။
သမီးသည်​ ကျွန်​​တော်​နဲ့သိပ်​မတူပဲ..
ကိုကို့လိုမျက်​လုံးဝိုင်းဝိုင်းနဲ့နားရွက်​ကားကား​လေး​တွေတစ်​ထပ်​တည်း
ပါလာခဲ့သည်​...။
ကြည့်​လိုက်​တာနဲ့ကို..ကိုကို့သမီးဆိုတာ ​မေးကြည့်​ဖို့မလို..
တပ်​အပ်​သိတယ်​ ဆိုတဲ့ပုံစံ​လေး...။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now