6...

7.2K 687 70
                                    

Zawgyi

ရာသီဥတုသာယာ​နေတဲ့ ည​နေခင်းတစ်​ခု...။

လက်​ရှိ​နေထိုင်​တဲ့Park အိမ်​​တော်​ထဲကတိုက်​ပု​လေးမှာ
မဟုတ်​ပဲ..တစ်​ခြားတိုက်​ခန်းငယ်​ထဲမှာ ...​ရောက်​​နေပြီး
လိုအပ်​တဲ့ပစ္စည်း​တွေဝယ်​ပြီး​နေရာချ​နေမိသည်​..။

လိုအပ်​တဲ့ပစ္စည်းဆိုတာကလဲ..ဒီ​နေ့ညစာအတွက်​ချက်​ပြုတ်​မယ့်​ ဟင်းချက်​ပစ္စည်းအနည်းငယ်​ပါ..။

Jin Hyuk တို့မိဘ​တွေက ချမ်းသာ​တော့
ဒီလိုတိုက်​ခန်းမျိုးကို သူ့သားနား​အေးပါး​အေး​နေပါ​စေဆိုပြီးသက်​သက်​​ပေးထားတာမို့...
မနက်​ကအထိ Jin Hyuk လဲ ဒီမှာ​နေသွားတာမို့...
အိမ်​သုံးပရိ​ဘောဂနဲ့တစ်​ခြားအသုံးအ​ဆောင်​ပစ္စည်း​တွေကလဲ သူ့​နေရာနဲ့သူပင်​..။

အားလုံးအသင့်​တက်​​နေရန်​သာ...။

အင်း..Jung Jin Hyuk နဲ့မခင်​ခင်​တုန်းက..ဒီ​ကောင်
့ကိုသူ​ဌေးသားဆိုပြီးမာနကြီးမယ်​ထင်​တာ..
အခု​တော့သူငယ်​ချင်းကိုကူညီချင်​စိတ်​ရှိတာပဲ..။

"အမဲသားမစားရတာကြာပြီ..appa လာရင်​ ချက်​ခိုင်းရမယ်​.."

ဟိုအိမ်​မှာမ​နေ​တော့ပဲ..ဒီမှာပဲ ​ပြောင်း​နေ​တော့မယ့်​အ​ကြောင်းကို ကြိုတင်​​ပြောပြထားခြင်းမရှိပဲ..
ဒီတိုင်းအိမ်​လိပ်​စာကို​ပေးပြီး လာခိုင်းထားတာ​ကြောင့်
ရောက်​လာရင်​ ဆူများဆူမလား ​တွေးလိုက်​​ပေမယ့်​..
အခုလုပ်​ရပ်​အတွက်​နည်းနည်း​လေး​တောင်​​နောင်​တမရ..။

ဒီရက်​ပိုင်း ထဲမှာ အကြိမ်​တစ်​ရာတစ်​​ထောင်​မကစဉ်းစားပြီးခဲ့ပြီ..။
အဲ့Park အိမ်​​တော်​မှာ ဆက်​​နေဖို့ကဘယ်​လိုမှ မဖြစ်​နိုင်​​တော့...။

လွန်​ခဲ့တဲ့ ​လေးရက်​ညပိုင်းအချိန်​တုန်းက..
Park Chan Yeol ဆီမှာ အနိုင်​ကျင့်​ခံရပြီးကတည်းက
လူကရူးချင်​ချင်​ဖြစ်​သွားသည်​..။

ကိုယ်​ချစ်​မိ​နေတဲ့လူက..ဘယ်​လိုလူစားမျိုးလဲဆိုတာ
ကောင်း​ကောင်းကြီးသိလိုက်​ရတာမို့..
အချစ်​တစ်​ခုတည်းအတွက်​နဲ့​တော့ မရူးမိုက်​ချင်​ဘူး​လေ..။
အဲ့မှာဆက်​​နေ​နေရင်​..အဲ့​နေ့ကလို အဖြစ်​မျိုးပဲအလားတူ
ထပ်​ဖြစ်​ဦးမယ်​ဆိုတာ..သိသိရက်​နဲ့..ဆက်​​နေရ​အောင်​က
ကျွန်​​တော်​အရူးမှမဟုတ်​တာ..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Där berättelser lever. Upptäck nu