8...

6.8K 641 76
                                    

Zawgyi

"Chan Yeol လုပ်​တာမလား..?"

"ဘာကို..?"

"သားကိုဒီလိုဖြစ်​​အောင်​ Chan Yeol လုပ်​တာမလားလို့..!"

ရေတစ်​ခွက်​ကမ်း​ပေးပြီးတာနဲ့..
ကုတင်​​ဘေးမှာ ခုံဆွဲ၍၀င်ထိုင်​ရင်း​မေးလာတဲ့appaရဲ့စကားသံ​တွေကြား
နေရထိုင်​ရတာ သိပ်​အဆင်​မ​ပြေ​တော့..။

မူးလဲထားတာမို့ ရိပ်​တိပ်​တိပ်​ဖြစ်​​နေ​သေးတာ​ကြောင့်​..
သိပ်​အဆင်​မ​ပြေရတဲ့ကြားထဲ..
တစ်​ခုခုကို​သေချာ​ပေါက်​သိ​နေသလိုမျိုး မျက်​​မှောင်​ကုပ်​၍ ​မေး​နေတဲ့appa​ကြောင့်​..
တစ်​ခုခု​တော့တစ်​ခုခုပဲဆိုတာ..။

ဆေး​တောင်​သွင်းထားတယ်​ဆို​တော့..အင်း..ကြည့်​ရတာ..
appa သူငယ်​ချင်း ဆရာဝန်​ဦး​လေးကြီး​ရောက်​လာခဲ့တဲ့ပုံပဲ..။

အဲ့ဒါဆို..ကျွန်​​တော်​ဘာ​ကြောင့်​မူးလဲရသလဲ ဆိုတဲ့အ​ကြောင်းရင်းကို..ရှာပြီးကြပြီထင်​သည်​..။

အဲ့ဒါဆို..!?

မေးခွန်း​ပေါင်း​မြောက်​မြားစွာရဲ့​နောက်​မှာ...
ဒေါသထွက်​​နေသည်​လို့ထင်​ရသည့်​ appaရဲ့
မျက်​​မှောင်​ကျုံ့ကျုံ့ မျက်​နှာအ​နေအထားကို ​တွေ့လိုက်​ရသည်​တွင်​..​ရေ​တောင်​​မော့မ​သောက်​ရ​သေး..။

တံ​တွေးတို့နင်​ကုန်​သည်​...။

မဖြစ်​နိုင်​ပါဘူး...
ဒီ​လောက်​အချိန်​အ​တောအတွင်းထဲ..အားလုံးကိုသိသွား​လောက်​မှာတဲ့လား..။

ဒါ​ပေမယ့်​အဲ့ဦး​လေးကြီးက ​ဆေးပညာမှာ​တော်​​တော့်​ကိုကျွမ်းကျင်​တဲ့ နာမည်​ကြီး​ဆေးရုံတစ်​ခုရဲ့​ဆေးရုံအုပ်​ဆို​တော့ကာ...။

ကျွန်​​တော်​စိုးရိမ်​​နေတာ​တွေက. .appaဆီက​နေ
ဒုတိယအကြိမ်​​မြောက်​ စကားသံထပ်​ထွက်​လာတဲ့အခိုက်​မှာ..
အမြင့်​ဆုံးကို​ရောက်​ရှိလို့သွားခဲ့သည်​..။

အဲ့တာထက်​ တစ်​ခုခုကိုဆုံးဖြတ်​ချက်​ခိုင်​ခိုင်​မာမာချမှတ်​ပြီး​ပြော​နေတဲ့ appaရဲ့ပုံစံကိုကြည့်​ရတာ..
ဘယ်​လိုမှအဆင်​မ​ပြေဘူး..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now