12...

6.5K 710 36
                                    

Zawgyi

အခုချိန်​မှာသာ အလုပ်​သမားတစ်​ချို့ရှိ​နေမယ်​ဆိုရင်
Park အိမ်​​တော်​ရဲ့မီးဖိုခန်းထဲက လှုပ်​ရှားမှု​တွေကိုကြည့်​ပြီး
အံ့သြ​နေကြမှာ အ​သေအချာပင်​...။

ကြည့်​​လေ..။
အမြဲတမ်း ခပ်​တည်​တည်​မျက်​နှာ​ပေးနဲ့​နေတတ်​တဲ့
ခေါင်း​ဆောင်​ကြီးက..Byun Baek Hyun ဆိုတဲ့သူ့​ယောက်ျားစားဖို့ဆိုပြီး..မီးဖိုခန်းထဲတစ်​ခုခုချက်​ပြုတ်​ပြင်​ဆင်​​ပေး​နေတဲ့ပုံစံက အံ့သြဖြစ်​စဉ်​ပဲမလား..။

အော်​..​ခေါင်း​ဆောင်​ကြီးလိုလူမျိုးလဲ..အချစ်​နဲ့​တွေ့ရင်​နည်းနည်း​တော့နူးညံ့တတ်​ပါလားလို့ သူတို့​တွေး​ကောင်း​တွေး​နေမှာ​ပေါ့...။

ကျွန်​​တော်​က​တော့ အလုပ်​ရှုပ်​​နေတဲ့​ကျောပြင်​ကျယ်​ကြီးကို ​ငေးကြည့်​ရင်း ပီတိပြုံး​တွေနဲ့...။

အင်း..သူသာအမြဲဒီလို​လေးဆိုရင်​ ...​ဘယ်​​လောက်​​တောင်​​ကောင်းလိုက်​မလဲဆိုတဲ့အ​တွေး​တွေနဲ့ ..
နှုတ်​ခမ်း​တွေပါ ​ကွေးမိရုံမက မျက်​လုံး​တွေထဲအလင်းတန်းဖြတ်​​ပြေးသွားသလို bling bling ကိုဖြစ်​လို့...။

အဟား..Park Chan Yeol တစ်​​ယောက်​တည်းသာ စွမ်း​ဆောင်​နိုင်​တဲ့ကျွန်​​တော့်​ရဲ့​ပျော်​ရွှင်​ခြင်း​တွေလို့ပဲ ခိုင်းနှိုင်းရ​တော့မယ်​ထင်​တယ်​...။

ဒီလူ့​ဘေးနား​လေးကပ်​​နေရချိန်​တိုင်းက..တစ်​ကယ်​..
ကျွန်​​တော့်​အတွက်​​လောကနိဗ္ဗာန်​ဘုံပဲ..။

ဖြစ်​နိုင်​ရင်​..ဒီနားမှာပဲ အချိန်​​တွေရပ်​တန့်​ထားလိုက်​ချင်​တာ...။
သူက ကျွန်​​တော့်​အတွက်​ဟင်း​တွေချက်​​နေမယ်​..
ကျွန်​​တော်​က ထမင်းစားပွဲ​ပေါ်မှာ လက်​က​လေး​ထောက်​​မေး​လေးတင်​ပြီး သူလှုပ်​ရှားသမျှ​တွေကို လိုက်​ကြည့်​​နေမယ်​...။

အင်း..အရမ်းကို​ပျော်​ဖို့​ကောင်းတဲ့အခိုက်​အတန့်​​လေးတစ်​ခုမလား..။

"ခဏ​လေး​စောင့်​​နော်​..ကျက်​​တော့မယ်​..ဗိုက်​ဆာ​နေပြီလား.."

"ရတယ်​..​အေး​ဆေးလုပ်​.."

ကျွန်​​တော်​ထိုင်​​နေတဲ့​နေရာဆီလာပြီး...
ကျွန်​​တော့်​ဆံပင်​​တွေကို လာဖွ​ပေးကာ ပြုံးပြလာသည့်​လူ...။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now