19...

3.8K 524 12
                                    


Zawgyi

(ဒီမုန်​တိုင်းက ​တောက်​​လျှောက်​အနိုင်​ကျင့်​လာခဲ့တဲ့Cအတွက်​ ရင်​ကွဲ​စေဖို့သက်​သက်​ပါ..
Tyranny​လေးနည်းနည်းထပ်​ပြီးအပိုင်းရှည်​ပါဦးမယ်​ ❤
ဒီလိုအလှည့်​အ​ပြောင်း​လေးက​ရေး​နေကျ​ပေမယ့်
ဒီficမှာ​တော့နည်းနည်းဆန်းပါမယ်​..)

အခန်းတံခါးဖွင့်​သံကြား​သော်​လည်း...ထမကြည့်​မိ..။

ထမကြည့်​မိဆိုတာထက်​ မကြည့်​နိုင်​တာလို့​ပြောရမည်​...။

မေ့​ဆေးအရှိန်​​ကြောင့်​​​ရယ်​...
ညကတစ်​ညလုံး ငိုထားခဲ့လို့​ခေါင်းမူး​နေတာရယ်​..အားလုံး​ပေါင်းပြီး လူက​တော်​​​တော်​​လေးနုံး​နေသည်​...။

မအိပ်​ထား​တော့ ပိုဆိုးသည်​...။

စော​စော​လေးကမှ ​မှေးကနဲအိပ်​​ပျော်​ရုံရှိ​သေး..အခန်းတံခါးလာဖွင့်​တာမို့...ပြန်​နိုးသွားသည်​...။

မ​နေ့ကဖမ်း​ခေါ်လာကြကတည်းက ပထမဆူံးအကြိမ်
တံခါးလာဖွင့်​တာမို့...
အင်း...တစ်​ခုခုနှိပ်​စက်​ဖို့များလား..

ဒါမှမဟုတ်​ တစ်​ခါထဲသတ်​ပစ်​ဖို့များလား..။

ဒါမှမဟုတ်​..ထမင်းစားချိန်​တန်​ပြီမို့လို့ ထမင်းလာပို့တာလား..။

ဘာပဲဖြစ်​ဖြစ်​အန္တရာယ်​​တောထဲ​ရောက်​​နေတာမို့...
ကိုယ့်​ကိုကိုယ်​ အတတ်​နိုင်​ဆုံးကာကွယ်​ဖို့ရာအတွက်​ကြမ်း​ပေါ်​ခွေ​ခွေ​လေးလှဲု​နေရာက​နေ ...ကုန်းရူန်းထမိလိုက်​သည်​..။

ဒါ​ပေမယ့်​​ခြေသံ​တွေသာ အနား​ရောက်​လာခဲ့သည်​..။
ခန္ဓာကိုယ်​ကအခုထိမထနိုင်​​သေး...။

မ​နေ့ကထဲက ဘာမှမစားရတာမို့...လူကနူံးချိ​နေပြီမလား..။

ဟင့်​အင်း...မဖြစ်​ပါဘူး..ကိုကိုနဲ့သမီးက...
ကျွန်​​တော့်​ကို ဒီပုံစံနဲ့ပြန်​​တွေ့ရင်​ ရင်​ကျိုးသွားလိမ့်​မယ်​..။

အဲ့တာ​ကြောင့်​မို့ လက်​ကျန်​အားအင်​​တွေစုစည်းပြီး...
ထထိုင်​နိုင်​ဖို့အတွက်​ကြိုးစားလို်​က်​တဲ့အခိုက်
သူတို့​ဆောင်​ယူ​ပေးလာတဲ့သတင်းစကားတစ်​ခွန်းက...
မတ်​တပ်​ရပ်​သွားနိုင်​​လောက်​တဲ့အထိ စွမ်း​ဆောင်​​ပေး
နိုင်​​လေတယ်​..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now