2..

9.2K 710 87
                                    


Zawgyi

"အား..!"

"​အော်​မ​နေနဲ့..တကတည်း..အပ်​​လေးထိုးတာကိုပဲ..
သူ့လူကြီးလုပ်​တာကျ အံကြိတ်​ခံပြီး​တော့.."

"အာ..SeHunee ကလဲ.."

အ​ကြော​ဆေးသွင်းဖို့
အပ်​​ချောင်းငယ်​ကို အ​ကြော​သေး​သေးသွယ်​သွယ်​ထဲ ထိုးသွင်းသည်​တွင်​ နာတာ​တော့မဟုတ်​..။
ဒီတိုင်းအသည်းယားလို့ ဘာရယ်​မဟုတ်​ ​အော်​လိုက်​မိတာ
လေးကိုပဲ..
ပက်​ခနဲပြန်​​ပြောလာ​သော ​ယောက်​ဖ​လေး​ကြောင့်
နည်းနည်း​တောင်​ ဆွံ့အသွားသည်​...။

အိမ်​ပြန်​​ရောက်​တာနဲ့..ကိုယ်​နည်းနည်းပူ​နေ​ကြောင်းသတိထားမိတာမို့..​ဆေးရုံမသွားခင်​​လေး ၀င်​ကြည့်​​ပေးပါလားလို့ ဖုန်းဆက်​လိုက်​ရာ..ချက်​ချင်း​ရောက်​ချလာသည့်​ SeHunee...။

ဖြစ်​​ကြောင်းကူန်​စင်​ကို သိသွား​တော့ တဗြစ်​​တောက်​​တောက်​​ပြော​ဆို​နေတာမပြီး​တော့...။

မ​နေ့က ညဆယ်​နာရီ​လောက်​အထိ​ဆေးရုံမှာ လူနာ​တွေမပြတ်​တာမို့ဖုန်းမကိုင်​လိုက်​ရ​ကြောင်း...
ဖုန်းပြန်​ဆက်​​တော့လဲ မရတာမို့ အိမ်​ကိုဝင်​ကြည့်​​ပေမယ့်
မရှိတာ​ကြောင့်​..
သူ့အစ်​ကိုနဲ့အတူတူရှိ​နေမှာပဲ ဆိုပြီးစိတ်​ချလက်​ချအိပ်​ခဲ့​ကြောင်း...
စသဖြင့်​ သူ့ဘက်​က အ​ကြောင်း​တွေကို​ပြောပြပြီး...
ကျွန်​​တော့်​ဘက်​ကအ​ကြောင်း​တွေကိုပါ​မေးမြန်းရာတွင်​..

ကျောပြင်​ကဒဏ်​ရာ​တွေကိုပါ​တွေ့ရှိသွားခဲ့ပြီး​နောက်​..
နာကျင်​မှူဒဏ်​ မပြယ်​​သေးသည့်​​အောက်​ပိုင်းတစ်​​နေရာအ​ကြောင်းကိုပါတစ်​ဆက်​တည်းသိသွားပြီးသည့်​သကာလမှာ..
ကျွန်​​တော့်​ကို​ရော..သူ့အစ်​ကိုကို​ရော..မဆဲရုံတစ်​မယ်​...။

က​လေးရှိလို့ အ​နေအထိုင်​ဆင်​ခြင်​ဖို့..
မဆင်​ခြင်​နိုင်​ရင်​လဲ..က​လေးကိုအန္တရာယ်​ဖြစ်​​အောင်​မပြူမူကြဖို့သူအတန်​တန်​​ပြောထားရက်​နဲ့..
အဖျားဝင်​တဲ့အထိ ဖြစ်​ရသလား...ဘာညာ စသဖြင့်​...။

ကိုကိုက..လိုအပ်​မှစကား​ပြောဆိုသ​လောက်​..
ဒီ​အ​ကောင်​စုတ်​​လေးက​တော့ဖြင့်​...
ကြက်​တူ​ရွေး​သေလို့ဝင်​စားသလားမသိ..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now