3..

7.3K 697 29
                                    

Zawgyi

Ten years ago,..

အထဲဝင်​လိုက်​တာနဲ့ ​မှောင်​မည်း​နေရမည့်​အိမ်​က..
တစ်​အိမ်​လုံးလင်းထိန်​​နေသည့်​အပြင်​..
ဟင်းနံ့​တွေပါ ​မွှေးကြိုင်​​နေတာ​ကြောင့်​..
ဘယ်​လိုများဖြစ်​သလဲဆိုပြီး အိမ်​စီးဖိနပ်​​တောင်​မလဲနိုင်​ပဲ
မြန်​မြန်​ ​လေးဝင်​လာခဲ့​တော့..
မီးဖိုခန်းထဲမှာ ဟင်းချက်​​နေသည့်​ appaနဲ့ဆုံသည်​..။

"appa ဘယ်​လိုဖြစ်​တာလဲ..?
ဒီ​နေ့ ဂျူတီရှိတယ်​မလား..?"

"အာ..သားပြန်​လာပြီလား.."

အိမ်​ရာတစ်​ခုမှာ ည​စောင့်​အလုပ်​လုပ်​ကိုင်​​နေသည်​မို့..
ဒီတစ်​ညလုံး ဂျူတီ​စောင့်​ရမည်​ဖြစ်​​ကြောင်းမနက်​က​လေးတင်
ပြော​နေ​သေးသည့်​အ​ဖေ့ကို..ဒီအချိန်​ကြီးအိမ်​မှာ​တွေ့လိုက်​ရ​တော့ အလုပ်​များပြုတ်​သွားတာလား ဘာညာ
စဉ်းစားမိလိုက်​သည့်​​နောက်​ကွယ်​တွင်​...

ဒီလအတွက်​​ကျောင်းစရိတ်​မ​ပေးရ​သေးတဲ့ကိစ္စကိုပါ
တစ်​ဆက်​တည်းစိတ်​​ရောက်​သွားခဲ့​တော့..
အ​မော​တောင်​ဆို့ချင်​သွားသလို..။
ဒါ​ပေမယ့်​ ပြုံးပြုံးရွှင်​ရွှင်​နဲ့ ​ပြောလာတဲ့appaရဲ့​နောက်​ဆက်​တွဲစကား​ကြောင့်​ လူက
အသက်​ရှူ​ချောင်​သွားရသည်​...။

"appa ..အဲ့အလုပ်​လုပ်စရာမလို​တော့ဘူး..
သားလဲ အချိန်​ပိုင်းအလုပ်​​တွေက​နေထွက်​လိုက်​​တော့.."

"ဘာလို့..?"

"ဒီလို..ဒီ​နေ့ ​appa ဆီကို
ph တစ်​call ၀င်​လာတယ်​..
အရင်​တုန်းက အလုပ်​အတူတူလုပ်​ဖူးတဲ့လုပ်​ငန်းရှင်​တစ်​​ယောက်​ပါ.."

ထိုင်​ခုံမှာ ကျကျနန၀င်​ထိုင်​ပြီး အ​သေအချာ​လေး​ပြော​နေတဲ့​appaစကား​တွေရဲ့အဆုံးသတ်​မှာ..
ကျွန်​​တော်​တို့သားအဖနှစ်​​ယောက်​ရဲ့ဘ၀က ​နေ​ရောင်​ခြည်​​လေးပြန်​လည်​ထွန်းလင်းလာခဲ့​ကြောင်းသိလိုက်​ရသည်​..။

စီးပွား​ရေး​ပြေလည်​တုန်းက အတူတူလုပ်​ဖူးသည့်
လုပ်​ငန်းရှင်​တစ်​​ယောက်​က appaကိုသူ့driver အလုပ်​လုပ်​ကိုင်​​စေ​ကြောင်း..
ပြီး​တော့ သူတို့ခြံဝန်းထဲက အိမ်​ပု​လေးမှာ ကျွန်​​တော်​တို့သားအဖနှစ်​​ယောက်​ကိုလာ​နေ​စေလို​ကြောင်းရယ်​..
ကျွန်​​တော်​ရဲ့​ကျောင်းစရိတ်​​တွေပါ အားလုံး​ထောက်​ပံ့​ပေးမည်​ဆိုသည့်​အ​ကြောင်း ​တွေ...။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Where stories live. Discover now