In A heartbeat(part11)

3.4K 175 4
                                    

မနက်​ဖြန်​ကို​ရောက်​ပို့အတွက်​ တစ်​ညတာကုန်​ဆုံးဖို့ကို​မျော်​ရသည်​မှာ အချိန်​တို့ကြာရှည်​လွန်းလှသည်​ထင်​၏။
ဒိတစ်​ခါ​တော့ က​လေးနဲ့သူ့ကို မာမီတို့ဘယ်​လိုပင်​ခွဲ​စေဦး​တော့မကွဲ​စေရ​တော့ပါ။က​လေးနဲ့မ အချစ်​စစ်​အမှန်​ အချစ်​စစ်​အမှန်​မို့ခုလိုကူညီမဲ့သူ​တွေ ​ပေါ်လာရတယ်​လို့သာ သတ်​မှတ်​ရမည်​။ခု​နေက​လေးကို​တွေ့ရင်​ က​လေးရင်​ခွင်​ထဲ​ပြေးဝင်​ပြီး က​လေး​လက်​​မောင်​​လေးကို ထုပစ်​ချင်​သည်​။
ပြီး​တော့......
စကားတစ်​ခွန်း​မေးမယ်

"မ လွမ်းသ​လောက်​ က​လေးလွမ်းရဲ့လား"
ဟု​မေးမည်​။ဒိ​လို​မေးလို့ က​လေးအပို​ပြောလာရင် ​က​လေးပါး
မို့မို့​လေးကိုကိုက်​ပြစ်​မယ်​ အဲ့​တော့သူ့စိတ်​​ကောက်​မည်​။
က​လေးစိတ်​​ကောက်​ရင်း
အင်း....မ ဘယ်​လို​ချော့ရပါ့မလဲ။
ဟင့်​အငိး​လေ ...
က​လေးကိုမ​ချော့ဘဲ မ သာစိတ်​​ကောက်​မည်​။
ဒါဆို က​လေးလာ​ချော့မှာဘဲ။
အ​တွေးတို့နဲ့ ​ပျော်​​နေရသည်​။ကွဲကွာ​နေရတာ
လည်းကြာပြီးမလား....
နောက်​ပြီး က​လေးရှယ်​ယာကိတ်​စနဲ့စင်​ကာပူကို သွားဖို့ကလည်း ရှိ​သေးတယ်...က​လေးစင်​ကာပူ သွားပို့ကိတ်​စမစဉ်းစားရဲပါဘူး။
ခု.....
ခန​လေးခွဲ​နေရ​တာ​တောင်​မှ ဒီ​လောက်​လွမ်း​နေရင်​ နှစ်​လများစွာခွဲရရင်​ မ ရှုးများရှုးသွားမလားမသိဘူး​နော်​...။

ဘာလိုလိုနဲ့မနက်​သုံးနာရီ​တောင်​ထိုး​တော့မယ်​။အိပ်​လို့ကလည်းမရတာနဲ့မိုးမြန်​မြန်​လင်းပါ​တော့ဟုသာ ဆု​တောင်​ရ​တော့မည်​။အရှုးတစ်​​ရောက်​လို ယွန်း ဖြစ်​​နေတာကိုကြည့်​ပြီး
က​လေးမရယ်​နဲ့​နော်​ဒိလိုဖြစ်​တာ က​လေးကိုချစ်​လို့ မြတ်​နိုးလို့ဆိုတာ သိ​စေချင်​တယ်။
က​လေးက​တော့ ခုချိန်​အိပ်​​ပျော်​​နေပြီးလား ကွယ်
သိပ်​ချစ်​ မြတ်​နိုးရ​သော မရဲ့က​လေး​လေး........။
********

"​ကျောကိုကုန်းလိုက်​ပါဟ ဒါမှထွက်​လို့ရမှာ"

ပြောလည်း​ပြော သူ​ကျောကို မိမိခင်​က အ​ပေါ်မှလက်​နှစ်​ဖက်​စလုံးဖြင့်​ဖိတွန်း​ပေးသည်​။နှာ​ခေါင်းကို ​ယွန်း ရှုံ့မိသည်
လေးဘက်​​ထောက်​ထားတာ​ကြောင့်​ လက်​ဖဝါးမှာလာ​ပေ
သည့်​ ​ရေညိနဲ့ ထမင်းကြွင်းဟင်းကျန်​များကို ရွံရှာ​နေချိန်​မရ​တော့။ခိုးထွက်​ရသည့်​အ​ပေါက်​က အပြင်​မှလုံးဝမမြင်​နိုင်​​သော ​ခွေးတိုး​ပေါက်​သာဖြစ်​သည်​။စင်းကြန်​ အဆုံးဍ်​စတိုးခန်းများ​ကျော်​မှ ညာဘက်​အချိုးမှာရှိ​နေသည့်​ ဟင်းကျန်​ထမင်းကျန်​များစွန့်​ပစ်​သည့်​​နေရာ။အောက်​​ခြေ သမံသလင်းမှ​နေ နှစ်​​ပေအကျယ်​ပတ်​လည်​ အကျယ်​အဝန်းရှိ​သော သံစကာဖြစ်​သည်​။မိမိခင်​က အရင်​​နေ့ကတည်းက ဒိ​နေ့ရာကို ဂရုစိုက်​မိတာ​ကြောင့်​ဟ​နေ​သော သံစကာကွက်​မှ လူတစ်​ကိုယ်​စာကုန်းထွက်​လို့ရသည်​ဟု သိထားပုံရသည်​။တစ်​ခြားအ​ပေါက်​မရှိဘဲ ​ရှေ့တည့်​တည့်​မှ မလွတ်​တမ်း​စောင့်​​နေ​သော စိုမိုးတို့ရှိ​နေ၍ ​ပြေးလမ်း သည်​တစ်​လမ်းထဲသာရှိသည်​။

In  HeartbeatWhere stories live. Discover now