"အကိုလေး...အကိုလေးဖုန်းလာနေတယ်"
"အရေးထဲ ဘယ်ကဖုန်းလာပြီလည်းမသိဘူး ဒယ်ဒိခနလေးနော်"
ပိတ်ထားသော ကားတံခါးကို အမြန်ပြန်ဖွင့်ပြီး တစ်ဆက်တည်းမှာပင်သူ့ကားနောက်မှာကပ်လျှက်ရပ်ထားသော ထွက်တော့မည့်ဒယ်ဒိကားဆီကြည့်ပြီး ခနဟုပြောကာ ဧည့်ခန်းထဲမှာကျန်ခဲ့သည့်ဖုန်းရှိရာကိုအပြေးတစ်ဝိုင်းဝင်ခဲ့သည်။
"ဘာ...အိ မမက အဲ့ဒီဟော်တယ်မှာဟုတ်လား
သေချာတယ်နော်..""သေချာပါတယ်ကိုကိုရဲ့ ဒိဟော်တယ်က ဒယ်ဒီရှယ်ယာဝင်ထားတာလေ"
"အင်...ဒါဆိုချက်ချင်း ကိုကိုတို့လိုက်လာခဲ့မယ်မမတို့မနက်
ထိထွက်မသွားအောင်တစ်ချက်စောင့်ကြည့်ထားပေး""အင်း...ကိုကို"
ဖုန်းကိုချလိုက်ပြီး ဒယ်ဒိရှိမပြေးရုံတစ်မယ်အမြန်သွားကာ"ဒယ်ဒီ ..မမက သင်ဃန်းကျွန်းကဟော်တယ်မှာရောက်နေ
တယ်တဲ့""ဘယ်သူပြောတာလဲ"
"သားကောင်မလေး အိအိဆွေပါ ဒယ်ဒီ"
"ဒါဆို တစ်ခြားဘယ်မှရှာစရာမလိုတောဘူး သားဒယ်ဒီ
ကားနဲ့တစ်ခါတည်းလိုက်ခဲ့တော့"
စိုးမိုးကသူ့ကားကိုဂိုထောငိထဲပြန်သွင်းပြီး ဒယ်ဒိကားရဲ့ ကူရှင်နေရာတွင်ဝင်ထိုင်ကာ ကားကိုတစ်ရှိန်းထိုးမောင်းထွက်လိုက်၏။
*****"သမီး"...
ခေါ်သံကြောင့်ခန္စကိုယ်သည်ဆက်ခနဲ့တွန့်သွားကာ အမှားတစ်စုံတစ်ရာဖြစ်တော်မည်ဟု သိလိုက်ပြီးနောက်ကိုဖျက်ခနဲ့
ကြည့်သည်။မျက်စီလည်းပြာဝေသွားကရှေ့သို့တိုးလာနေပြီဖြစ်သော မာမီကိုဟော်တယ်အပေါက်ဝတစ်နေရာနေလှမ်းမြင်ရသည်။ဘေးကကလေးကလည်း သူမနည်းတူ ကြက်သေသေနေ၏။ ယွန်းလက်မောင်းကိုဆုတ်ကိုင်ထားသော
ကလေးလက်တို့က ပိုမိုတင်းကျပ်လာသည်ဟုထင်ရသည်။"သမီး ရှုးနေတာလား ..လာမာမီတို့နဲ့ပြန်လိုက်ခဲ့"
ငိုရှိုက်သံတို့နဲ့ပြောသော မာမီလေးသံထဲတွင်ဒေါသရိပ်တို့ပါဝင်နေပြိဖြစ်သည်။ဟော်တယ်ထမင်းစားခန်းမှ ဧည့်သည့်အချို့သည်လည်းရုတ်တရက်ဖြစ်ပေါ်လာသောအခြေအနေကိုကြောင့်ကြောင့်၍ငေးနေကြသည်။
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."