မီမိကိုတွေ့တော့ အားတက်ဝမ်းသာစိတ်နဲ့အတူ ရင်ဖွင့်မိ
သည်။"ကြားရတာ စိတ်မကောင်းဘူးဟယ်ဒါထက်
အခုနင့်မာမီရဲ့ လူရုံတွေပါလာတယ်ပေါ့"
ဂျူတီကုတ်ထဲ လက်နှစ်ဖက်ထည့်ရင်း မီကမေးရှာသည်။"ဆင်ဝင်အောက်မှာလေ စိုးမိုးရော သူ့ဘော်ဒိကပ်တွေပါ
လာတယ်ငါ့ စိတ်ထင်တော့ သူတို့ တို့ ဂျူတီပြီးတဲ့အထိ
စောင့်နေမယ်လားပဲ"
စားပွဲခုံပေါ် လက်နှစ်ဖက်ထောက်ရင်း အဝေးကိုငေးကာ
ပြောသည်။
"အင်း...ရွက်နုစိမ်းကလဲ အစကတည်းက အမှန်အတိုင်း
ပြောပြ့ပို့ကောင်းတယ်နော်ခုတော့နင်ကယုံစားပြီး
မိဘတွေကိုအမှန်တိုင်းပြောပြထားတော့ ပိုဆိုးကုန်တာပေါ့""ကလေးမှားတာတွေလည်း အများကြီးဘဲပေါ့ဟာ ဒါပင်
မဲ့အဲ့ဒိအမှားတွေအားလုံးကို ငါကချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ဖုံးကွယ်လို့ရပေမယ့်မာမီတို့ကြတော့ခွင့်မလွတ်နိုင်ဘူးလေ""ဒါကတော့နင်ဘက်က လူကြီးတွေကိုဘဲအပြစ်ပြောလို့မရဘူးပေါ့ဟာ မိဘဆိုတာကတော့ ကိုယ်သမီးနဲ့ လိုက်ဖက်မယ့်
သာမာန်အိမ်ထောင်ရေးဘဝကို ရစေချင်တာပေါ့ ဟုတ်ဘူးလား"
သက်ပြင်းကိုတိတ်တခိုးချလိုက်ပြီး..."အပြစ်လို့မမြင်ပါဘူး မိမိရာ ဒါပင်မဲ့ခုလောက်ထိတော့
ရက်ရက်စက်စက်မခွဲသင့်ဘူးလို့ ငါထင်တယ်ကလေးမှာ
မိန်းမသားဖြစ်ပင်မဲ့ သူအရည်အချင်းနဲ့သူပါဟာ ခုဆိုသူလုပ်
နေတဲ့ကုမ္မဏီမှာ ရှယ်ယာတစ်ဝက်တောင်ဝင်ထားပြီပြီ""အင်းလေ..ဒါကတို့လူတွေဘက်ကအမြင်ကို ဒါနဲ့ထားပါဦး
စိမ်းတဲ့နင့်ဒီရက်ထဲမတွေ့သေးဘူးပေါ့".အဝေးကိုငေးရီကာကြည့်နေရင်း စားပွဲပေါ်ကနာကြပ်ကြိုးကို
လက်ညိုးလေးနဲ့ ထိတွေ့လှုပ်ရှားနေရာမှ...."ဘယ်လာတွေ့ဦးမှာလည်းမိရာ ဒိရက်ပိုင်း ကလေးလည်း
သိပ်ခံစားနေရမှာပဲကလေးကိုလည်းသိပ်တွေ့ချင်တယ်
ညဘက်တွေတော့ခိုးပြီး ဖုန်းဆက်ဖြစ်ပါရဲ့ ဒါပင်မဲ့အပြင်
မှာပိုတွေ့ချင်မိတယ်"
အခန်းတွင်းသို့ ထဘီအနီဆရာမတစ်ဦးဝင်လာသဖြင့်စကားကိုခနရပ်လိုက်သည်။
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."