"မမအေးပြောတဲ့တိုင်းဆို မာမာတွေတဲ့ကောင်မလေး
ဘဲဖြစ်မှာပါ ဟိုတစ်ခါမမအေး ခြံထဲကို ဒီကောင်မလေး
မိယွန်းနဲ့တွဲဝင်လာကတည်းက သတိတော့ထားလိုက်မိ
သားဘာရယ်အခု မမ သမီးက မိန်းကလေးချင်းတွဲနေတယ်ဟုတ်သလား ""ဟုတ်ပါ့ မာမာရယ်မမအေးလည်းရှက်မိပါတယ်"
"အိုး..မမအေး သမီရှုးများသွားပြီလားအဲ့ကောင်မ
လေးကိုသူအဖေအိမ်မှာ မာမာတွေ့ဘူးတယ်လို့ထင်တာ
မနက်က ယွန်း နဲ့ထိပ်တိုက်တွေ့တော့ သူမှသူပါမမအေး"ဧည့်ခန်းထဲဝင်မယ်ပြုသောခြေလှမ်းတို့သည်တုံးခနဲ့ရပ်ကာ
အပေါက်ဝတံခါးဘေးနာကပ်က ယွန်း နားစွင့်မိပြန်သည်။"ဒါဆို သူအဖေက ကိုဦးအောင်မျိုးဆိုတဲ့ ညွှန်ကြားရေမှုး
မဟုတ်ဘူးပေါ့"အံအားသင့်စွာ ပြန်မေးသောမာမီလေသံကိုပါ ထပ်ကြားရပြန်သည်။
"ဟာ... ဘယ်ကသာညွှန်ကြားမှုးကမှာလဲ
အစ်ကိုကြီးခြံမှာကားမောင်းတဲ့ သူပါဆိုနေမှ
ပြီးတော့အဲ့ကောင်မလေးကလည်း
ရုပ်ကလေးဗန်းပြပြီး ဟိုသူဌေးချူသလိုလို
ဒိသူဌေးချူသလိုလိုနဲ့ရပ်ကွက်ထဲသတင်းတွေ
ထွက်တာမှ ကြားလို့တောင်မကောင်းဘူး.
.မမတိုနဲ့တော့ခက်ပြီး သားသမီးယုံ စုံလုံးကန်းတဲ့
သူသူ့ကို ဒိလိုသာကြပ်ကြပ်ပစ်ထား တစ်နေ့
ဒုက္ခကောင်းကောင်းတွေ့လိမ့်မယ်သိလား"အံသြစိတ်ဖြင့်ဂရုစိုက်ကာထပ်နားစွင့်ပြန်သည်။
မာမီတို့စကားဝိုင်းကခနကြာတိတ်ဆိတ်သွားသည်။
ဒယ်ဒိရဲ့လမ်းလျှောက်ဟန်လား မသိမပိဝိုးတဝါးထင်
ရသော မှန်ရိပ်ထဲမှာ လမ်းလျှောက်နေပုံကိုမြင်ရသည်။
ဝေါခနဲ အပြင်မှကားရပ်သံကြားရတော့ ယွန်း လန့်ပြီး
လှေကားပေါ်အမြန်ပြေးတက်ကာ အခန်းထဲသိုဝင်လိုက်သည်။
အန်တီမာတို့ထိုင်နေတာကိုမြင်သော်လည်း မသိချင်ယောင်ဆောင်အပေါ်သိုတက်လိုက်ရသည်။သူ့နောက်မှာ မျက်လုံးပေါင်းသုံးစုံလိုက်ကြည့်နေမယ်ဆိုတာ အတပ်သိသည်။
နောက်ကျိနေတဲ့စိတ်ကိုကြည်လင်စေရန်အိပ်ခန်းနှင်
တွဲလျက်ရေချိုးခန်းမှာရေကိုအကြာကြီးစိမ်ချိုးလိုက်ပြီး
ခုတင်ပေါ်မှာပင်လှဲနေလိုက်သည်။ပထမဧည်ခန်းကို
ထွက်ဖို့ စဉ်းစားသော်လည်း မာမီတို့ပြောတဲ့စကားများကို
မကြားချင်တော့သဖြင့်မထွက်တော့ဘဲအခန်းအောင်းကာသာနေလိုက်တော့သည်။ဆာလောင်သည့်စိတ်လဲမရှိသဖြင့်ကလေးမျက်နာကိုမြင်ယောင်လာကာ အတွေးဖြင့်ပျော်ခိုက်အခန်းပြင်မှလမ်းလျောက်လာသောခြေသံကြောင့်နားစွင့်မိသည်။
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."