မိမိခင်ကားရပ်ထားတဲ့နေရာကိုပြေးနေရသည်မို့ နှစ်ဦးသားမောဟိုက်လို့နေသည်။မိ ကားရှိရာရောက်တော့ ကားပေါ်တက်လိုက်ကြပြီး ကားကိုတရှိန်ထိုးမောင်းထွက်သည်။
"ကလေး ဘယ်နေရာကစောင့်နေမှာလဲ မိ"
မောဟိုက်သံနဲ့မေးသည့်ယွန်း အမေးကို မိမိခင်က"ဟိုရှေ့နားလောက်က ကားလမ်းမကိုရောက်ရင်အဲ့
ဒီကားဂိတ်မှာ စိမ်း စောင့်နေတယ်"
မနေ့ညနေက စိမ်း အဆောင်ကိုမိမိရောက်လာပြီ ဒီနေ့မှာထားသည်နေရာတွင်သူတို့မရောက်မချင်းစောင့်နေရန်ပြောခဲ့သည်။အလှပ်လှပ်ခုန်နေသောရင်ကိုလက်နဲ့ဖိပြီး ကားအဲ့ကွန်းကိုအမြင့်ဆုံးတင်လိုက်သည်ပြီးမှ ကလေးစောင့်မျော်နေသည့်နေကာကို လှမ်းမျော်ကြည့်လိုက်သည်။
ကလေးကသူတို့ကားကို ရုတ်တရက်မထင်မှတ်သည့်နေရာ
မှ ချက်ချင်းပေါ်လာ၍လားမသိ သူမမျက်နာမှာဝမ်းသာရိပ်တို့ပေါ်လွင်သွား သည်ကိုမြင်ရသည်။"မ"
မကိုခေါ်နေသော သူမအသံသည်တုန်ခါနေမှန်း ကိုယ့်ကိုထင်မိသည်။လာမှလာပါ့မလားဟုသောအတွေးများလည်းပျောက်ကွယ်လွင့်စဉ်ရပြီ။.
"ကလေး"
ယွန်း ဆီပြေးလာနေသည့်ကလေးရင်ခွင်ကြားကို အပြေးဝင်ရောက်ပြီးဖက်တွယ်မိသည်။ယွန်း တို့နစ်ယောက်ပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်တော့ နှစ်ဦးသားလွတ်ထွက်မသွားသည့်အလားပမာ။"နင်တို့ အလွမ်းသယ်မနေကြနဲ့ဦး...စိုးမိုးတို့နောက်ကလိုက်လာတယ်လေဟာ"
ဘေးမှယှဉ်ရပ်ပြီး သတိပေးစကားပြောလာသော မိမိခင်အသံကြားမှနှစ်ဦးသားလူခြင်းခွာလိုက်ပြီး..."စိုးမိုးတို့တွေသွားပြီး မတို့နောက်က လိုက်လာတယ်ကလေး"
"ဟာ..ဒီအကောင်က တကယ်ကိုဂြိုလ်ကောင်ဘဲ"
"ဂြိုလ်ကာင်လုပ်မနေနဲ့..ရွက်နုမှာကားပါတယ်မဟုတ်လား"
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."