Part3 [Unicord]

3.8K 177 4
                                    

က​လေးနှင့်​စား​သောက်​ခဲ့ ရုပ်​ရှင်​ကြည့်​ခဲ့​သော​ပျော်​ရွင်​မှုတို့သည်​ခြံဝင်းထဲဝင်​လာစဉ်​စိုမိုးကားကို ထရကြမ်းထွက်​လာတာ​ကြောင့်​ဘေးကပ်​ရပ်​ကာ လမ်းဖယ်​ပေးလိုက်​သည်​။

"ဘယ်​လိုဖြစ်​တာလည်းစိုမိုး မင်း ရိုင်းလှချည်​လား"

သူ​ပြောတာကို စိုးမိုးဘာမှပြန်​မ​ပြောခဲ့ အရင်​ည​နေဘက်​ယွန်း ပြန်​ရောက်​ချိန်​ကို​စောင့်​၍ သူ့ ဆီမှမုန့်​ဖိုးကို
မရရ​အောင်ကပ်​တောင်း​နေကျ စိုမိုးခု​တော့
မျက်​ထောင့်​ကြီးနီ၍ ယွန်း ကို​ယောင်​လို့​တောင်​မှ
ကြည့်​မသွားပါ။ခြံတကားကိုဦးဘ​သောင်းလာဖွင့်​ပေး​တော့ အထဲသို့ဝင်​လိုက်​သည်​။

"သမီး...မာမီတို့ဆီလာဦး"

ဧည်​ခံကို​ကျော်​၍ အတွင်းအိမ်​ခန်းထဲဝင်​မယ်​လုပ်​သော
ယွန်း ခြေလှမ်းတို့သည်​မာမီအသံ​ကြောင့်​တုံ့ခနဲ့ရပ်​လိုက်​သည်​။​ဘေးကိုငဲ့၍ကြည့်​တော့မာမီနဲ့ဒယ်​ဒိ ခက်​ထန်​သောမျက်​နှာထားကိုမြင်​၍ ရင်​ထဲတစ်​လှပ်​လှပ်​အခုန်​မြန်​လာသည်​။ပြသနာတစ်​ခု​တော့ဖြစ်​ပြီဟု စိတ်​ထဲတွင်​ထင်​ကာ တုံ​နှေး​သော​ခြေလှမ်းအစုံဖြင့်​မာမီနှင့်​ဘေးတိုက်​အ​နေအထားဆိုဖာမှာဝင်​ထိုင်​သည်​။

"သမီး ဒီ​နေ့ဘယ်​သွားလဲ"

​မေး​လာ​သော မာမီ​လေးသံသည်​ခက်​ထန်​လွန်းသည်​ဟုထင်​သည်​။မာမီကိုပြန်​မကြည့်​ရဲ​သော်​လည်း မာမီရဲ့စူးရှုတဲ့မျက်​ဝန်းအစုံက သူ့ကိုစူးစိုက်​စွာကြည့်​မှန်း သိ​နေသည်​။

"​ဆေးရုံကဘဲ ပြန်​လာတာမာမီ"

မျက်​နာ​အောက်​ငုံလျှက်​ပြန်​ဖြေ​သော ယွန်း လေသံသည်​ကိုယ်​ကိုယ်​တိုင်​ပင်​ပြန်​မကြားရ​အောင်​တိုးငြင်း​လေသလားမသိ။

"ဘာ​ပြောတယ်​သမီး"
ဟုထက်​ကာ​မေး​သော မာမီ​လေသံကိုပြန်​ကြားရသည်​။

"ဘယ်​မှမသွားပါဘူး​ပြောတာပါမာမီ"

"မာမီကို မလိမ်​နဲ့​နော်​သမီးဘာ​တွေလုပ်​နေတယ်​ဆိုတာ မာမီအကုန်​သိပြီပြီ လူကြားလိုမှမ​ကောင်း သမီး​ကောင်​မ​လေးတစ်​ယောက်​နဲ့ ရုပ်​ရှင်​ကြည့်​ခဲ့တယ်​မဟုတ်​လား ပြီး​တော့အဲ့​ကောင်​မ​လေးနဲ့သမီးက"

In  HeartbeatWhere stories live. Discover now