မိုးဖွားလေးများ တဖွဲ့ဖွဲ့ကျလာပြီ ကားမလာတော့ဘူးလားအတွေးနှင့်အားလျှော့ချင်လာသလို.. အများသူငါတွေ ထီးဖွင့်ဆောင်းကြသော်လည်း စိမ်း မှာတော့ ထီးကမပါ။ပုန်းခိုးပို့ကြတော့လည်း ကားဂိတ်အောက်မှာ လူတွေအပြည့်အသိပ်။
ထိုအချိန်မှာပင်....
ဝင်လာသောဘတ်ကားတစ်စီးပေါ်သို့ ကားဂိတ်ရှိလူများ တိုးဝေ့တက်ကုန်ကြသည်မို့ ထိုကားထွက်သွားသည်နှင့်ကားဂိတ်မှာ ဇူး နှင့်ခရီးသည်သုံးလေးဦးသာ ကျန်တော့သည်။
ကျလာသောမိုးစက်များကိုလက်ဖြင့်ခံကာ နဖူးမှစိုလာသောချွေးတို့ကို လက်ဖမို့လေးနှင့်သုတ်လိုက်သည်။
ရတုကတော့ စိမ်း ကို ဒီအချိန်ထိစောင့်ပါဦးမလားမသိ။"တနင်္လာနေ့ မနက်ခုနစ်နာရီခွဲတိတိမှာ စိမ်း စောင့်နေတဲ့
နေရာကို ငါဆက်ဆက်လာခဲ့မယ်" ဆိုပြီး မှာထားသောစကားကိုပြန်လည်ကြားယောင်မိသည်။ဒီအချိန်မှာပင်လေပြည်နှင့်အတူ မိုးစက်ကလေးများပိုသည်းလို့လာခဲ့သည်။"ဘုတ်"
လူတစ်ယောက်နဲ့ပခုံးချင်းယှဉ်တိုက်မိပြီး တိုက်မိသောအရှိန်ကြောင့်ထူပူသွာသော ပခုံးကိုကိုင်ကာ
ထိုသူကို စိမ်း ကြည့်လိုက်သည်။"အို"
"ဟာ...မတော်လို့ပါနော်တောင်းပန်ပါတယ်
မိုးကပိုသည်းလာလို့ ကားပေါ်ပြေးတက်မိတာ""အင်း...ရပါတယ်"
စိမ်း လည်းဘာမြှပန်မပြောတော့ဘဲ ထိုမိန်းကလေးလက်ထဲမှာ လွင့်ကျသွားသောစာအုပ်အချို့ကိုသာကောက်၍ပေးလိုက်သည်။
ထိုမိန်းကလေးက စိမ်း ပြန်ပေးသော စာအုပ်အချို့ကိုယူပြီး.."ကျေဇူးနော်ညီမလေး"
"ဟုတ်...ရပါတယ်"
ခနကြာတော့ ထိုမိန်းကလေးမှာ သူဆင်းမဲ့နေရာကိုဘဲလ်နှိပ်လိုက်ပြီးမတ်တက်စီးလာသော လူအချို့ကိုကျော်ဖြတ်ရင်း ကားပေါ်မှဆင်းသွားသည်။စိမ်း လည်း ပြတင်းပေါက်မှတစ်ဆင့်လမ်းဖြတ်ကူးနေသည့်သူမကိုလှမ်းကြည့်လိုက်သည်။သူမကညာဘက်ခြမ်းမှာနေ၍ လမ်းရဲ့ဘယ်ဘက်ရှိဆေးရုံပေါက်ဝထဲသို့ ဝင်သွားသည်ကို ကြည့်ပြီး ပင့်သက်တစ်ချက်ကို ဖြည့်လေးစွာချသည်။
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."