"တော်ပါတော့ စိမ်းရာ နင်အရမ်းမှုးနေပြီ ပြန်ကြရအောင်"
ဘားတွင်အယ်ကိုဟော တို့ကိုတစ်ခွက်ပြီးတစ်ခွက်သောက်ကာမိန်းကလေးတစ်ယောက်အသည်းကွဲနေရသည်။ထိုသူကတော့စိမ်း ကိုယ်တိုင်ပင်။ပခုံးကိုလာကိုင်သော ရတု၏လက်ကိုညာလက်ဖြင့်ပုတ်ထုတ်ရင်း....
"ငါအရက်မမှုးပါဘူးရတုရာ အချစ်မှုးနေတာ ဒီညငါကိုခွင်
လွှတ်ပါ မှုးအောင်သောက်ပြီးလောကကြီးကိုမေ့ပစ်လိုက်
ချင်တယ်""မဟုတ်ဘူးစိမ်း နင်သိပ်သောက်ချင်နေရင်အဆောင်ကြ
မှထပ်သောက်ဒီညမိုးချုပ်နေရင်တို့မိန်းကလေးတွေတစ်
မျိုးအမြင်ခံနေရမယ်"ခယတောင်ပန်ကြည့်နှင့်ရတုအရှေ့မှာ စိမ်း ဒူးထောက်
ထိုင်ချပြီး ပြန်ရန်သာအတန်တန်ခေါ်သည်။
ငိုက်စိုက်ကျနေပြီဖြစ်သောခေါင်ကို မတ်အောင်မနည်းပြန်ထူးရင်းက...."နင်ငါကိုမခင်ရင်ပြန်နိုင်ရတုရာ နင့်အဆောင်ကျမှလဲ ငါ
ထပ်မသောက်နိုင်တော့ဘူး ဒီမှာဘဲအဝသောက်ဦးမယ်
ငါကိုထားခဲ့တော့ဟာ.."
စိတ်ပျက်လက်ပျက်ခေါင်ကိုသွက်သွက်ခါအောင်ရတုယမ်း
ပစ်လိုက်သည်။"ကဲ...ဒီလောက်တောင်ပြောမရလဲသောက်ဟာ နင်သောက်
သလောက်ငါလည်းသောက်မယ်လူတွေအထင်သေးခံရ
လည်းအတူတူပေါ့ ဟုတ်ဘူးလား"
အလွန်ချစ်ပို့ကောင်းသော ရတုစကားကြောင့်..."အေ..အဲ့တာကြောင့်နင့်ကိုချစ်ရတာ...ငါသူငယ်ချင်းလေး
ချီးယား"ဟုရှေ့မှာချထားသော ခွက်များကိုထပ်ကာထပ်ကာသောက်ရင်းတေဘယ်ပေါ်သို့ စိမ်းခေါင်းက ဒုန်းကနည်းမြည်ကာပစ်ချသွားသည်။
******"မထင်မှတ်တဲ့အမှားတစ်ခုကြောင့်နင့်ဘဝတစ်ခုလုံး
အပျက်မခံပါနဲ့ စိမ်း နော်"
"နင်ပြောတာ မှန်ပါတယ်... ငါဒိလိုပုံစံတွေတိုင်းေရှ့ဆက်သွားလို့မဖြစ်ဘူး "
YOU ARE READING
In Heartbeat
Non-Fiction"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."