- 3 -

8.6K 1K 27
                                    

HERO ( 3 )

Zawgyi

" ခင်ဗျား တော်တော်ဆိုးတာပဲ ဒီလိုချက်ချင်းဖြေ
လို့ရမလား "

အနားကို ပိုပို၍သာကပ်လာသည် ။

ဘယ်လောက်တောင် အတင့်ရဲလိုက်တဲ့လူလဲ ။

" ခင် ခင် ခင်ဗျား ဘာ ဘာ လုပ် တာ တာ လဲ ... "

တကယ်ပါ ရင်တွေခုန်တာသေမတတ်ပဲ ။
စကားလုံးတွေတောင်ထွက်အောင် မနည်းကြိုးစား
နေရတယ် ။

" ကိုယ့်ကိုချစ်လားသိချင်လို့ စမ်းသပ်ခိုင်းတာလေ
ကိုယ့်ကိုကိုယ် စမ်းသပ်ကြည့်လိုက် ဒီလိုနီးနီးကပ်ကပ်
ရှိတဲ့အချိန်တိုင်း ပိုသိရတယ် "

မဖြစ်တော့ဘူး ဒီလူနှယ့် ။
ရင်ဘတ်ကို အားနဲ့တစ်ချက် ဆောင့်တွန်းလိုက်သည် ။

" ခင်ဗျား ဗျာ "

" အ နာလိုက်တာ "

" ဒါကျတော့ နာတတ်တယ်ပေါ့ အနေခက်အောင်
လာမလုပ်နဲ့ဗျ မကြိုက်ဘူး "

မဟုတ်ဘူး ။ သဘောကျတယ် ။

" တကယ်လား "

" တစ်ကယ် နောက်စရာလား !! "

ချက်ချင်းပဲ မျက်နှာငယ်လေးဖြင့် ....

" အဲ့ဒါဆိုလဲ မလုပ်တော့ပါဘူး "

" အဲ့ဒါက ရုပ်ကဘာဖြစ်သွားတာလဲ ခင်ဗျားဟာလေ
ရုပ်ရှင်မင်းသားလုပ်ဖို့ကောင်းတယ် "

သနားတတ်အောင် လုပ်တတ်ပုံကလည်း သြချပါပေ ။

" ဟင့်အင်း ဂျီမင်း ရဲ့ မင်းသားလေးပဲလုပ်မှာ "

ပေါက်ကရပြောတာကလည်း စံပဲ ။

" မင်းသားမပြောနဲ့ သူငယ်ချင်းတောင်မဖြစ်ဘူး "

" ဟာ အဲ့လိုတော့မလုပ်ပါနဲ့ကွာ ဒီမှာကြည့် ဒီဒဏ်ရာ
တွေက မင်းလုပ်တာလေ "

" အဲ့ဒါ ကိုယ့်ဘာကိုယ်ယွလို့ ရတဲ့ဒဏ်ရာလေ "

" ပြောရက်လိုက်တာကွာ နည်းနည်းလေးတောင်မသနား
ဘူးလား "

" သနားစရာလား သူများကိုကျ သူ့အပိုင်ပစ္စည်းလို
မျိုး ဆွဲလားရမ်းလားနဲ့ "

HERO • Kookmin || COMPLETED || Donde viven las historias. Descúbrelo ahora