- 27 -

5K 629 30
                                    

HERO ( 27 )

Unicode

" မင်ဆော့ Yahh "

" အမလေး မင်းလာတယ် မင်းမလာတော့ဘူးတောင်
ထင်နေတာ "

" ဆောရီး နည်းနည်းနောက်ကျသွားတယ်ကွာ ဒါနဲ့
လေယာဥ်က ထွက်တော့မှာလား "

" အင်း  ....  နောက်နာရီဝက်လောက်နေရင် "

" ကောင်းကောင်းသွားနော် မင်ဆော့ "

" သိပါပြီ ! မင်းလဲ အဆင်ပြေအောင်နေနော် "

မင်ဆော့ ပြောတဲ့ စကားကို ကောင်းကောင်းကြီး
သဘောပေါက်သည်
အရင်ကဆို စိတ်ညစ်တိုင်း မင်ဆော့ကို အချိန်မရွေး
အနိုင်ကျင့်ပြီး ခေါ်လို့ရသည်
အခုသူအနားမှာမရှိတော့ဘူးဆိုတော့ သူလဲ ထားခဲ့ရမှာ
အဆင်မပြေဖြစ်နေပုံရသည်

" စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ် ငါ VC ခေါ်
မယ်နော် "

" အေးပါ ခုထဲကလွမ်းနေပြီလား "

" ချီးထုပ်ကောင် သွားစမ်းပါ "

" ဟဟ အေးပါကွာ ကဲ ငါသွားတော့မယ် ဂျီမင်း "

" အင်းအင်း မင်ဆော့ "

ငယ်သူငယ်ချင်းပဲဟာ တကယ်သွားတော့မယ်ဆို
တော့ နည်းနည်းတော့ဝမ်းနည်းမိသား

နောက်တစ်ခေါက်လောက် လက်ပြနှုတ်ဆက်ပြီး
ပြန်လာခဲ့သည်

ခွဲခွာတယ်ဆိုတာ အကြားသာ ဘာမှမဟုတ်တာ
တကယ်က အများကြီးခံစားရတာ  ..... 

                                     //

အာခေါင်တွေက ခဏခဏခြောက်သလိုခံစားရသော
ကြောင့် တံတွေးကို အဆက်မပြတ်မြိုချနေမိသည်

HERO • Kookmin || COMPLETED || Where stories live. Discover now