- 15 -

5.8K 722 45
                                    

HERO ( 15 )

Unicode

ဂျီမင်းတစ်ယောက် အိမ်က ခေါင်သူကြီးနဲ့မတည့်မှတော့
မုန့်ဖိုးက လက်ထဲပြတ်လပ်လာသည်
အဖေပြောသလို ကိုယ့်ကုမ္ပဏီကိုအခန့်သား ဝင်လုပ်ရမှာ
လည်း သဘောမကျ

တကယ်ဆို ဂျောင်ကုနဲ့ပဲ အတူရှိချင်သည်
ဖြစ်နိုင်ရင် အီးပါရင်တောင် ဂျောင်ကုကိုခေါ်ထားချင်
နေသည်

" ပိုက်ဆံလဲရ ဂျောင်ကုနဲ့လည်းအတူတူရှိ အဲ့လိုဖြစ်အောင်
ငါဘာတွေလုပ်ရမလဲ ? "

                                      //

" မောင်ရေ !!! "

ဂျောင်ကုနေတဲ့ နေရာထိ ဂျီမင်းမှာ မနေနိုင်
လွမ်းသည့်ဒဏ်က မခံနိုင်တော့လည်း

" မောင့် ကြက်ပေါက်ကလေး ! ဘာလို့ ဒီထိလာတာလဲ ?
မောင်လာခေါ်မှာပေါ့ "

" လွမ်းတာကို မောင်ရဲ့ ပြီးတော့ ဒီကအားယားနေတာ
လေ မောင်ကတော့ ညဆိုလဲအလုပ်ကနောက်ကျတော့
ပင်ပန်းနေတာမလား ဒီကကျွန်တော်က အားယားနေ
ရောဗျ "

အလုပ်မရှိအကိုင်မရှိဘဝကို အပီအပြင်ပုံဖော်နေသော
ပတ်ဂျီမင်းကို ဂျောင်ကုကရီမိသည်

" ဟဟ !! မောင့်ကလေးက မအားပါဘူး "

" ဟင် ဘာလို့လဲ "

" မောင့်ကို ချစ်နေရလို့လေ "

" ဟာကွာ သွား ~ "

လက်သီးသေးသေးလေးက ရင်ဘတ်ပေါ်ကို
ဖွဖွလေးရောက်လာသည်

နောက် ဂျောင်ကု မျက်နှာကိုကြည့်ရင်း သူ
အသေအချာပြောသည်

" မောင် !! မကြာခင် အဲ့အလုပ်က ထွက်ရတော့မယ်
သိလား "

HERO • Kookmin || COMPLETED || Where stories live. Discover now