- 19 -

5.2K 644 4
                                    

HERO ( 19 )

Unicode

" အား ပင်ပန်းလိုက်တာ "
ညည်းနေလို့လည်းမရ မီးကျွမ်းတော့မလို ကြည့်နေ
သော မန်နေဂျာရဲ့ မျက်လုံးကိုလဲ ကြောက်ရသည်

ပင်ပန်းနေပါတယ်ဆို လူကလည်း ဒီနေ့မှများလိုက်တာ
မြင်မြင်ရသမျှသူတွေကလည်း အတွဲတွေချည်း

ဟွန့် ဒါ မောင်နဲ့ ငါ အတူတူမရှိရဘူးဆိုပြီး သက်သက်
တမင်များ ငါရှိရာကို အတွဲတွေကဆိုက်ဆိုက်မြိုက်မြိုက်
လာနေသလားပဲ

" ဂျီမင်း "

" ဟုတ်ကဲ့ ? အမ်  ...  ! "

ခဏတာ ကြောင်သွားသည် ကိုယ့်ရှေ့တည့်တည့်
လာရပ်နေတဲ့ အဲ့ဒီလူကိုကြည့်ရင်းပေါ့

" မောင် ? "

ဂျီမင်း လက်ကောက်ဝတ်ကို ဆတ်ခနဲ ဆွဲကာ ထွက်
သွားတော့ ဂျောင်ကု ခေါ်တဲ့နောက် ပါသွားရသည်

" မောင် လွှတ် !! အဲ့လိုမလုပ်နဲ့ "

ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ဂျီမင်းသာ ဂျောင်ကု ဆွဲခေါ်
ရာ တောက်လျှောက် ပါသွားနေတော့သည်

ဆိုင်အပြင် တစ်နေရာရောက်တာတောင် မောင်က
လက်ကိုမလွှတ်သေး

" မောင် လွှတ်တော့ !!!! "

ဂျီမင်းက လက်ကိုအတင်းဖြုတ်တော့ လွှတ်လိုက်သည်
ဘယ်လောက်တောင် အားနဲ့ညစ်ထားသလဲဆိုရင်
နီရဲသွားတဲ့ လက်ရာတွေက သက်သေ

" မောင် ဒါဘာလုပ်တာလဲ ဒီလိုလုပ်လို့မရဘူးလေ "

" အဲ့ဒါမောင်ကပြောရမှာလေ အခုဘာလုပ်နေတာလဲ "

HERO • Kookmin || COMPLETED || Where stories live. Discover now