- 26 -

4.9K 598 12
                                    

HERO ( 26 )

Unicode

" ဂျီမင်း အဆင်သင့်ဖြစ်ပြီလား "

" ဟုတ် အဖေ "

တည်တည်ငြိမ်ငြိမ်နဲ့ ကောင်လေးတစ်ယောက်ကို
မောင်မြင်ရင် ဘာတွေပြောဦးမယ်မသိဘူး

သိပ်တော့ မပျော်ပါဘူး မောင်ရယ် ဒါပေမဲ့ ပျော်ရာမှာ
မနေ တော်ရာမှာ နေရမယ်မလား
တာဝန်တစ်ခုလို သဘောထားပြီး ကျေအောင်လုပ်
နေတယ် မောင်
မောင့်ကို အချိန်တိုင်း သတိရနေတာကတော့ ချွင်းချက်

ကားပေါ်ကို တက်ပြီး ဂီယာကို ကိုင်လိုက်တော့
မောင့် သတိပေးသံလေး နားထဲကြားမိတယ်

" အရှိန်အရမ်းများတယ် လျှော့ဦး " တဲ့

" သား ထွက်လေ လူကြီးတွေနဲ့သွားတွေ့မှာ
နောက်ကျလို့မကောင်းဘူး "

" ဟုတ် "

ဝင်သက်ထွက်သက် တွေမှာ မောင့်နာမည်ကိုရေရွတ်
နေပေမယ့် မောင်ဘယ်ရောက်နေလဲဆိုတာ လေညင်း
တွေက မပြောပြပါဘူး
မောင်ကြားမယ်ဆိုလေ  .... 

တွေးရင်း ဆီဂိတ်ကိုကြည့်မိမှ " သေစမ်း ဆီမထည့်
လာမိဘူးပဲ "

" အဖေ ဒီနားမှာ ဆီဆိုင်မရှိဘူးလား ကျွန်တော်ဆီ
ထည့်ဖို့မေ့လာတယ် "

" အော် ! ကဲ ဂျီမင်းတို့ကလုပ်ပြီ နမော်နမဲ့နဲ့
ရှေ့နားရောက်ရင် လမ်းမကြီးအတိုင်းသွားပြီး ညာ
ချိုးလိုက် အဲ့နားမှာမြင်မိသလိုပဲ "

ဆီဂိတ်က ကပ်နေတော့ ဖြည်းဖြည်းချင်းထိန်းမောင်း
ရင်း ကံကောင်းလို့ ဆီဆိုင်ကိုရောက်လာသည်

HERO • Kookmin || COMPLETED || Hikayelerin yaşadığı yer. Şimdi keşfedin