- FINAL -

10.4K 831 65
                                    

HERO ( 34 )

Unicode

နှလုံးခုန်သံတွေက ပုံမှန်တိုင်းမြည်နေပေမယ့်
လက်ချောင်းတွေက မသိမသာ လှုပ်ရှားလာသည်

တစ်ကိုယ်လုံး မလှုပ်မယှက်နဲ့ ကုတင်ပေါ်မှာ လှဲလျောင်း
နေတဲ့ ကောင်လေးရဲ့ မျက်တောင် စဥ်းစဥ်းလေးတွေက
ယိမ်းယိုင် နေသယောင်

လက်ညိုးနဲ့လက်ခလယ် လက်ချောင်းလေးတွေက
အပေါ်အောက် လှုပ်ရှားနေသည်
အခန်းထဲမှာ သူကလွဲ၍ မည်သူမျှမရှိ

နှုတ်ခမ်းဖျားတွေက တစ်ခုခုပြောဖို့ကြိုးစားနေပေမယ့်
မျက်လုံးဖွင့်ဖို့တောင် မနည်းအားယူနေရဟန်

ကောင်လေးက တစ်ခုခုပြောဖို့ကို ရုန်းကန်နေရသည်

တစ်ပြိုင်နက် အာရုံတို့ အလုပ်လုပ်ချိန်မှာ မျက်လုံး
အစုံတို့ ပွင့်လာပြီး နှုတ်မှ ရုန်းကန်နေရတဲ့စကားလုံး
လေးထွက်လာခဲ့သည်

" ဂျီမင်း  ...  "

                                     //

*ဒုန်း*

တရားရုံးထဲ ကျယ်လောင်စွာပေါ်ထွက်လာသော
အသံက မကြာခင်အမိန့်ချမှတ်မည်ဆိုတာရဲ့ ရှေ့ပြေး

ဂျီမင်းတစ်ယောက် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားရင်း အမေ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်

မျက်ရည်မကျအောင် တင်းခံပြီးထိန်းထားတဲ့ အမေ့ပုံစံက
ဂျီမင်း ရဲ့ ခေါင်းထဲကို " ငါအမှားလုပ်မိတာလား " ဆိုတဲ့
အတွေးတွေကို ဆက်တိုက်ဝင်နေစေသည်

အမေ့လက်ကို ဆွဲကိုင်လိုက်တော့ " အမေ အဆင်ပြေပါ
တယ် " တဲ့

အမိန့်ချသံကိုစောင့်နေရင်း ကြားလိုက်ရတာက " ဆယ်နှစ် "
ဆိုတာ  ... 

HERO • Kookmin || COMPLETED || Where stories live. Discover now