- 28 -

5.1K 595 30
                                    

HERO ( 28 )

Unicode

" ဘာဖြစ်ဒယ် !!!!!!!!!!!!!!! "

ရင်ခေါင်းသံကြီးနဲ့ မင်ဆော့ အော်ထည့်လိုက်တာများ
ဂျီမင်း Laptop နဲ့ခပ်ဝေးဝေးနောက်ကို ရောက်သွားသည်

" မင်ဆော့ရယ် ! အဲ့ဘက်နိုင်ငံကနေ ကိုရီးယားကို
မင်း ပါးစပ်ကြီး လွင့်လာပါဦးမယ်ကွာ "

" နေစမ်းပါဦး အဲ့တော့ မင်းတို့ပြန်တွဲနေကြတာလား
ဘယ်လောက်ကြာပြီလဲ "

" တစ်ပတ် "

" တစ်ပတ် !!!!!!!!!! "

" ဟာ !! မင်ဆော့ရာ ငါတကယ်လွင့်ထွက်သွား
တော့မှာပဲကွာ "

" တစ်ပတ်တောင်ကြာပြီပေါ့ ပြန်တွဲနေတာ "

အေးအေးဆေးဆေးဖြစ်နေသော ဂျီမင်းပုံကို မင်ဆော့က
အံ့သြနေမိသည်
ဂျီမင်းက ဘာမှမသိသလို မျက်နှာပေးလေးနဲ့ မျက်လုံး
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ -

" ပြန်တွဲတယ်မပြောပါနဲ့ အစကတည်းက ငါတို့က
မပြီးသေးတာကို "

" အမယ် ငါဒီက ပိတ်ပေါက်လို့ရရင်ပိတ်ပေါက်တယ်
ပုတ်ခတ်ပုတ်ခတ်လုပ်ပြမနေနဲ့ တစ်သက်လုံး မတွေ့
ကြတော့မယ့် လူတွေလို ငါ့ရှေ့မှာ ကြေကွဲနေပြီးတော့
ငါ့မှာတော့ သနားလိုက်ရတာ "

" ဟာ ! မင်းကလည်း ဒီလိုဖြစ်မယ်လို့မသိဘူးလေ
သူလဲ ခံစားခဲ့ရတာပဲကို "

" ငါစဉ်းစားနေတာ သူဘာလို့ အဲ့လိုခံစားနေရတာကို
များ မင်းလဲနာကျင် သူလဲနာကျင်ရမယ့်ကိစ္စမျိုး လုပ်
တာလဲ "

" အစကတော့ ငါလည်း အဲ့လိုပြောလိုက်မိသေးတယ်
ဒါပေမဲ့ သူမှန်တယ် မင်ဆော့ ငါသာဆိုရင်ရော .... 
မင်းဆိုရင်ရော ....  ကိုယ့်ကိုတစ်သက်လုံး ဒုက္ခပေးလာ
တဲ့သူ ကိုယ့်အမေထိပါမကျန် ဒုက္ခပေးတဲ့သူရဲ့ သားကို
ဘယ်လိုစိတ်နဲ့ ဆက်ပတ်သက်မလဲ "

HERO • Kookmin || COMPLETED || Where stories live. Discover now