- 17 -

5.2K 642 29
                                    

HERO ( 17 )

Unicode

" ဒီမှာ မှာထားတာရပါပြီ ကောင်းကောင်းသွားပါ "

Coffee ခွက်နှစ်ခွက်ကို ဧည့်သည်ကိုလှမ်းပေးရင်း
အချိုဆုံးအပြုံးနဲ့ နှုတ်ဆက်လိုက်သည်

မလွယ်လိုက်တာ Customer နဲ့အဆင်ပြေအောင်
နေရထိုင်ရတာ တကယ်ကိုမလွယ်ဘူး တစ်ချို့က
အကြောတင်းတော့ ပတ်ဂျီမင်း စိတ်နဲ့ပိုမလွယ်ဘူး

ပတ်ဂျီမင်းဆိုသည်မှာ ဂျွန်ဂျောင်ကုအတွက်ပဲ ပြုံးနေ
ချင်တာမျိုး

" အမေရိကာနို နှစ်ခွက်ပေးပါ "

ငိုင်နေတဲ့ ဂျီမင်းကို ဘေးက သူငယ်ချင်းက ပုခုံးကို
ထိလိုက်ရင်း -

" ဂျီမင်း ah , ဧည့်သည်ရောက်နေတယ်လေ "

" အော် အေး အေး ဟုတ်သားပဲ "

နာရီကိုလည်း လှမ်းလှမ်းကြည့်ရသည်
ညကိုးနာရီထိုးရင် အလုပ်ဆင်းရတော့မှာမို့
နာရီကလည်း အလုပ်လုပ်နေရရင်နှေးပြီ
မောင်နဲ့ ဖုန်းပြောရရင်ခဏလေး
ပိတ်ထုလိုက်ရ

" Yahh ပတ်ဂျီမင်း နာရီကို ဘာလို့လဲ "

" အား အယ် ဟိုဟာ ငါယောင်သွားတာ ဟဲ ဟီး ~ "

                                      //

လူနည်းနည်းပါးချိန်မို့သာ ခဏထိုင်ချိန်ရသည်
ရတဲ့လစာနဲ့တောင် ပင်ပန်းတာက မကာမိတော့
အစကပျော်ပေမယ့် ပင်ပန်းတော့ မပျော်လာတော့ဘူး
မောင့် မျက်နှာလေးပဲမြင်ယောင် အားတင်းထားရတာ

" ဟာ မောင် ဖုန်းခေါ်ပြီ "

ပင်ပန်းတဲ့အရိပ်အယောင်တောင် မမြင်ရလောက်
အောင် ပျော်သွားတဲ့ ကောင်လေး
လူအလစ်လည်း ချောင်းရသေးတယ်
ဖုန်းပြောရင် ဖြီးနေတဲ့မျက်နှာကြီးကို သူများရီမှာ
စိုးလို့ရယ်

HERO • Kookmin || COMPLETED || Место, где живут истории. Откройте их для себя