- 13 -

6.4K 755 15
                                    

HERO ( 13 )

Unicode

ဂျီမင်းက အရင်ကလို အိမ်ကပ်နေတဲ့ကောင်လေး
မဟုတ်တော့
အမေကလည်း အလိုလိုက်ထားလို့ အဖေ့စကားကလည်း
လျစ်လျူရှုနေတဲ့သူမို့ အပြင်ကိုထွက်ချိန်တဲ့အချိန်ထွက်သည်

အခုလည်း လွယ်အိတ် တစ်လုံး ကောက်ဆွဲရင်း စော
စောစီးစီး အပြင်သွားဖို့ကြံနေပြန်သည်

" ခဏလောက် ထွက်ခဲ့လို့ရလား "

ဂျောင်ကုကို ဖုန်းဆက်ရင်းချိန်းရသည်
နှစ်ယောက်ကလည်း တွေ့ရတဲ့အချိန်က နည်းကြသည်မို့

" အခုတော့ ရပါတယ် ဘယ်ကိုလာရမလဲ "

" မလာနဲ့ ကျွန်တော်ပဲလာခဲ့မယ် "

ပြောပြီးပြီးချင်း ဖုန်းကိုအမြန်ချလိုက်လို့ ဂျောင်ကု
တစ်ယောက်တော့ ပွစိပွစိလုပ်နေတော့မည်
မဟုတ်လည်း သူကချည်း ဒိုင်ခံလာတွေ့နေသည်ကို

မီးခံသေတ္တာထဲက ပိုက်ဆံအုပ်နှစ်အုပ်ကိုယူပြီး
ကျောပိုးအိတ်ထဲထည့်လိုက်သည်

" သား !? "

ဂျီမင်း လန့်သွားသည်

" လန့်သွားတာပဲဗျာ ရုတ်တရက် အသံမပေးဘာမပေးနဲ့ "

" သားကဘာတွေမဟုတ်တာလုပ်လို့ လန့်နေရတာလဲ "

" လူကို လာအစ်မနေပါနဲ့ ကျွန်တော်မုန့်ဖိုးလိုလို့ယူတာ  
အဖေပဲ ခွင့်တောင်းမနေနဲ့ဆို "

" အဲ့ဒါက အရင်က အခု ခွင့်တောင်းရမယ် "

" ဘယ်လို ? အခု ကျွန်တော့်ကိုလာနောက်နေတာလား "

" မင်းကို အခုစည်းစနစ်နဲ့ပြန်ထားရတော့မယ် ငွေသုံး
တာလဲ အရင်နဲ့မတူဘူး များလာတယ် ဘယ်လိုပဲများများ
သုံးရပါစေပေါ့ စည်းလေးကမ်းလေးတော့ရှိမှပေါ့ "

HERO • Kookmin || COMPLETED || Where stories live. Discover now