- 9 -

6.5K 812 42
                                    

HERO ( 9 )

Unicode

ကျွန်တော်ဆုံးဖြတ်ပြီးပြီ ပြင်ဖို့ဆိုတာလည်း မရှိဘူး
မျက်လုံးနဲ့တပ်အက်မြင်ရပြီးမှတော့ ဘာကိုတွေဝေတုံ့
ဆိုင်းနေရမှာလဲ

" မတွေဝေနဲ့ ပတ်ဂျီမင်း သူက မင်းကိုကစားနေတာ "

အိပ်ရာပေါ်မှာ ခေါင်းအုံးကိုမျက်နှာအက်လျက် တဒုံးဒုံး
ထုရိုက်နေမိသည်

" သား အဆင်ပြေရဲ့လား "

မျက်ရည်တွေကိုခပ်မြန်မြန်သုတ်လိုက်ကာ -

" အမေကဗျာ !! ဝင်လာမယ်ဆို တံခါးခေါက်ပါဆို "

" အမေခေါက်ပါတယ် သားကမကြားတာ "

အမေ့ရဲ့ တုံ့ပြန်စကားမှာ ဖြေစရာမရှိ

" နေပါဦး သားဘာတွေဖြစ်လာတာလဲ ? ဘာတွေ
ဖြစ်နေတာလဲ ရုတ်တရက်ကြီး နိုင်ငံခြားသွားဖို့ကိစ္စကို
ဘာလို့လက်ခံရတာလဲ "

" သေချာစဥ်းစားကြည့်လိုက်တော့ ကောင်းမယ်ထင်
လို့လေ "

" သား ? "

အမေ့မျက်နှာကို သေသေချာချာမော့ကြည့်လိုက်တော့
အမေက အပြုံးတွေအပြည့်နဲ့

" သားမသွားချင်လည်းရတယ်နော် "

အမေက အတင်းအကျပ်လွှတ်လို့သွားလိုက်ရတာမျိုး
မဖြစ်စေချင်ဘူး ဒီစေတနာကိုလည်းအသိ

" ဟုတ်ကဲ့ပါ ! ဒါ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့စဥ်းစားပြီးပြော
တာပါ ဘယ်သူ့ပယောဂမှမပါပါဘူး "

ပါတာပေါ့ ဂျွန်ဂျောင်ကုကြောင့်လေ မသာကြီး

" ကဲ ဒါဆိုလည်း သားနားတော့ "

" အမေ ခဏ !! "

HERO • Kookmin || COMPLETED || Opowieści tętniące życiem. Odkryj je teraz